11.

744 146 16
                                    

ဂယူဗင်းတို့ မနက်ခင်းပိုင်း ပြတိုက်တစ်ခုမှာ ထိုင်းနိုင်ငံရဲ့ယဥ်ကျေးမှု အမွေအနှစ်တွေကို သွာရောက်လေ့လာရသည်။ ထို့နောက်နေ့လည်ခဏနားကာ ညနေကျတော့ ထိုင်းရိုးရာ ကပြဖျော်ဖြေမှုတွေနှင့် ပြဇာတ် တစ်ခုကိုကြည့်ရသည်။

ပင်ပင်ပန်းပန်းလုပ်နေရတာ တစ်ခုမှမရှိသော်လည်း ထမင်းစားချိန်ပါမကျန် ကင်မရာ ပေါင်းစုံက ရှုထောင့်ပေါင်းစုံကနေ အချိန်ပြည့် ချိန်ထားတာမို့ စိတ်ကျဥ်းကျပ်လှသည်။

နားဖို့ပေးထားတဲ့အခန်းထဲပြန်ရောက်တော့မှပဲ အဝတ်တောင်မလဲနိုင်ဘဲ ကုတင်ပေါ်ဝုန်းခနဲ လှဲချလိုက်သည်။

မနေ့ညကလည်း ယူဂျင်းက အစောကြီး အိပ်ပျော်သွားသော်လည်း ဂယူဗင်းမှာ အိပ်ရာ အပြောင်းအလဲကြောင့်ရော ၊ ယူဂျင်းကြောင့် စိတ်လှုပ်ရှားတာပါပေါင်းပြီး အိပ်မပျော်တာမို့ အခုတော့ လူက နှစ်ဆ ပင်ပန်းနေပြီဖြစ်သည်။

ယူဂျင်းကိုလှမ်းကြည့်တော့ ပင်ပန်းပုံမရတဲ့ ကလေးပေါက်စက ခြေလက်သွားဆေးပြီးတာနဲ့ ကွန်ပြူတာရှေ့ထိုင်နေတာကို တွေ့လိုက်ရတယ်။

" မပင်ပန်းဘူးလား ... ယူဂျင်းရယ် နည်းနည်းပါးပါးနားပါအုံး  "

" ရပါတယ် Code ရေးရတာလောက်တော့ စာမဖွဲ့ပါဘူးနော် "

" ငယ်ငယ်တုန်းက အိပ်မက်က Developer ဖြစ်ချင်ခဲ့တာလား "

" အင်း ... အဲ့လိုပြောလို့ရမယ်ထင်တယ် ၊ အစ်ကိုကရော  "

" အစ်ကိုကလား  ... ? အင်း စိတ်ကူးယဥ် နည်းနည်းတော့ဆန်တယ် ဆိုပေမဲ့ ဘုရင်ဖြစ်ချင်ခဲ့တာ "

" အစ်ကိုက မင်းသားလေ ၊ နန်းတွင်းထဲမှာနေပြီး ဘုရင်ဖြစ်ချင်တာ စိတ်ကူးယဥ်ဆန်တာမှ မဟုတ်ဘဲ "

" ဒါပေမဲ့ ကိုယ်က အငယ်ဆုံးလေ ၊ ဥပဒေမပြောင်းလို့ အစ်မတော်တွေကိုဖယ်ရင်တောင် အစ်ကိုထယ်ရယ်ရှိသေးတာ ဥစ္စာ "

" ဘာလို့ ဘုရင်ဖြစ်ချင်ခဲ့တာလဲ "

" ဒီတိုင်း ခမည်းတော်က ကြည့်ကောင်းလို့ ၊ ငယ်ဘဝတုန်းက ဘယ်အချိန်ပဲဖြစ်ဖြစ် သူ့ကိုကြည့်ရတာ ခမ်းနားနေတာ၊ အဆောင်ယောင်တွေကလည်း ခမ်းနားသလို၊ ဘယ်သူမှလည်း ခမည်းတော်ကို ပြန်မပြောရဲကြဘူးလေ ... ပြီးတော့ မယ်မယ်ကြီးလက်ပေါ်မှာပဲ ကြီးခဲ့တာဆိုတော့ အာဏာတွေဂုဏ်တွေကို သဘောကျတတ်အောင် သင်ပေးခဲ့တာကြောင့်လည်းပါမယ် ထင်တယ် "

𝙻𝚘𝚏𝚝𝚢 [ Completed ]Where stories live. Discover now