7.

796 143 13
                                    

" ညကြီး မင်းကြီးကို ဘာတွေ အရေးကြီး "

ဖုန်းတစ်ဖက်ခြမ်းကနေ တဝါးဝါးသမ်းဝေနေတဲ့ ဂွန်းဝုရဲ့ အသံက အိပ်ချင်မူးတူးဖြစ်လို့နေသည်။

" မနက်ဖြန် သူငယ်ချင်းတစ်ယောက်မွေးနေ့ရှိလို့ ဘာပေးရင် ကောင်းမလဲ မေးချင်လို့ "

" ဘာ !!! "

ဂွန်းဝုရဲ့ အော်သံက လိပ်ပြာလန့်ချင်စရာပင်ကောင်းတာမို့ ဖုန်တစ်ဖက်ခြမ်းက ဂယူဗင်းမှာ ဖုန်းမကျသွားအောင်ပင်မနည်း ကိုင်ထားရသည်။

ဂွန်းဝု ဂယူ့ကို စိတ်တိုမည်ဆိုလည်း စိတ်တိုချင်စရာပင်ဖြစ်သည်။ ဘူဆန်ပြောင်းသွားရတဲ့ သူငယ်ချင်းလေးကို ဂယူဗင်း စတင်ဆက်သွယ်ခဲ့တဲ့ အကြိမ်ရေက ဒီတစ်ကြိမ်နဲ့ ပေါင်းမှ နှစ်ကြိမ်သာရှိခဲ့သည်။ ဒီအတောအတွင်းလည်း အဆက်အသွယ်လုံးဝပျက်နေခဲ့ပြီး နောက်ဆုံးဆုံဖြစ်ခဲ့တာကလည်း ဂယူဗင်း မင်္ဂလာပွဲတုန်းကဖြစ်သည်။

ဒါပေမဲ့ မတတ်နိုင် လွန်ခဲ့တဲ့ တစ်ပတ်ကတည်းက ယူဂျင်းမွေးနေ့အတွက် ဟိုဟာပေးရကောင်းနိုးနိုးဒီဟာပေးရကောင်းနိုးနိုးနဲ့ စဥ်းစားနေလိုက်တာ မနက်ဖြန်ဆို မွေးနေ့ရောက်ပြီဖြစ်ပေမဲ့ အခုထိ သူက ဘာမှမပြင်ဆင်ရသေး။

" လုပ်ပါ သူက ငါ့အတွက် အရေးကြီးလို့ "

" သူကြိုက်တာပေးလေ ! "

" သူဘာကြိုက်လဲ ငါမှမသိတာ "

" ဒုက္ခပဲ အဲ့တာများ အရေးကြီးတယ် လာလုပ်နေသေးတယ် အရှင့်သားရယ် "

" ခမည်းတော်က ဆုံးတာကြာပြီ အရှင့်သား မဟုတ်ပါဘူးဆို "

" ဒါဆို အရှင့်မောင်ကွာ "

" ပတ်ခ်ဂွန်းဝု.. တော်ပြီ ငါ့ကို မစနဲ့တော့ "

" နေပါအုံး ငါမေးတာ အရင်ဖြေ ၊ ရစ်ခီကြီး တစ်ယောက်လုံးရှိနေတာကို ဘာလို့ ငါ့ကို ဖုန်းဆက်ရတာလဲ "

စိတ်ထဲကနေတော့ ရစ်ခီက ငါပေးမဲ့လူကို သိနေတာမို့လေလို့ ပြန်ပြောလိုက်ပေမဲ့ လက်တွေ့မှာတော့ ပြန်မပြောဖြစ်ခဲ့ပါ။

ဝန်မခံချင်ပေမဲ့ ဂယူဗင်းရဲ့ မသိစိတ်ထဲက နိုးကြားနေတဲ့ သဝန်တိုစိတ်က ယူဂျင်းမွေးနေ့အတွက်လက်ဆောင်ရွေးတာကို ရစ်ခီ ကူညီမှာကို ခွင့်မပြုပေးပါ။

𝙻𝚘𝚏𝚝𝚢 [ Completed ]Where stories live. Discover now