4.

759 151 8
                                    

ရှေ့တစ်ပတ်မှာ အွန်းဟာရဲ့ မင်္ဂလာပွဲရှိတာမို့ နန်းတော် တစ်ခုလုံးအလုပ်ရှုပ်နေကြသည်။

အိမ်ရှေ့စံမင်းသမီးရဲ့ မင်္ဂလာပွဲဖြစ်တာမို့ လက်ထပ်ပွဲကို ငွေကြေးအမြောက်အများသုံးပြီး ခမ်းနားသည်ထက် ခမ်းနားအောင် ပြင်ဆင်နေကြတယ်။

" ဒီနေ့ ပွဲတက်ဖို့ hanbok ရွေးရမှာ ယူဂျင်း သိတယ်မလား "

" ဟုတ်ကဲ့ ကြင်ရာတော်ကို ပြောထားပါတယ် မင်းသား"

" သွားရအောင် ဒါဆို ... "

" ​ဟို ဒီဇိုင်နာတွေကိုချိန်းထားတာက ဆယ်နာရီမို့ အခုသွားရင် စော  ... "

အထိန်းတော်ကြီးလိုက်ထိန်းလို့ မမီနိုင်သည်အထိ ဂယူ့ရဲ့ ခြေလှမ်းတွေက သွက်လက်နေခဲ့သည်။

" ယူဂျင်းအဆောင်ကိုပဲလာခိုင်းလိုက်ပါ ..  ကျွန်တော်အဲ့ဒီကပဲစောင့်မှာမို့ "

" အမိန့်အတိုင်းပါ မင်းသား ... "

ခြေလှမ်းကြဲကြီးတွေနဲ့ လျှောက်နေတာတောင် ယူဂျင်းရဲ့ အဆောင်က တော်ရုံမရောက်တာမို့ ဂယူဗင်းစိတ်တိုလာရတယ်။ လန်းဆန်းတက်ကြွနေတဲ့အချိန်မှာတောင် တော်ရုံမရောက်နိုင်တဲ့ အဆောင်ဆီကို တစ်ရက်လုံးကျောင်းမှာပင်ပန်းလာတဲ့ ယူဂျင်းက နေ့တိုင်းလမ်းလျှောက်ရမှာကို တွေးမိပြီး ဂယူဗင်းစိတ်မကောင်း ...။

ညနေပိုင်းကျပြန်တော့လည်း ယူဂျင်းက စာကြည့်ဆောင်နဲ့ ခြေကျင် အသွားအပြန်လုပ်ရသေးသည်။

" အထိန်းတော်မင် . .  . "

" ဟုတ်ကဲ့ "

" ဟန်ယူဂျင်းကို ဒီအဆောင် ဘယ်သူချပေးတာလဲ "

"  အိမ်ရှေ့စံ ပါ မင်းသား "

ဟန်ယူဂျင်း အဆောင်ပြောင်းရဖို့ အရေး အစကတည်းက အကြောမတည့်သည့် ကင်မ်အွန်းဟာ နှင့် တစ်ပွဲတစ်လမ်းနွှဲရအုံးမည်ကို တွေးမိပြီး ဂယူဗင်းခေါင်းတွေပါကိုက်လာရသည်။

အခုလို နန်းတွင်းအနောက်ဖက်ထဲမှာ သီးသန့်ဖြစ်နေတဲ့ အဆောင်မှာ တစ်ယောက်တည်းထားထားတာကို ဂါအူးလ်က လည်း ဘာမှမပြောဘူးလား။ နောက်ဆုံးတော့လည်း လက်ထပ်ပြီး တစ်လကျော်ကြာသည်အထိ ကြင်ရာတော်ရဲ့ အဆောင်ကို တစ်ခါမှမလာဖူးခဲ့တဲ့ ဂယူဗင်း၏ အပြစ်သာဖြစ်သည်။

𝙻𝚘𝚏𝚝𝚢 [ Completed ]Where stories live. Discover now