3.

703 151 7
                                    

တစ်ပတ်ကျော်ကြာလာချိန်မှာတော့ ဂယူဗင်းလည်း ယူဂျင်းကျောင်းအထိ ကားလိုက်စီးရတဲ့ ဘဝကို အသားကျသွားသည်။ ယူဂျင်းက ကားထဲမှာ ဖွင့်မဲ့ သီချင်းကစလို့၊ ကားထဲကို နေ ထိုး မထိုး ၊ အနံ့အသက်တွေကိုက အစ အသေးစိတ် ဂရုစိုက်ပေးသည်မို့ ဂယူဗင်းမှာ ကားစီးရသည်ကိုပင်ပျော်သလိုရှိလာမိသည်။ သူခေါင်းမူးလာတယ်လို့ထင်ရတိုင်း ယူဂျင်းက လာဗန်ဒါရနံ့ရတဲ့ ရှူဆေးဘူးကို ကမ်းပေးတတ်သေးသည်။

ဒီနေ့တော့ အကြည်ဓာတ်လေးက ဘေးနားက လိုက်ပါလာပြီး ခါတိုင်းနှင့်မတူ ကားစီးနေတုန်း ဂယူ့ကို အာရုံစိုက်ခြင်းမရှိဘဲ ပြတင်းပေါက်အပြင်ဘက်ကိုငေးကာ မျက်လုံးတွေက ဝမ်းနည်းရိပ်ပေါ်နေသည်။

ယူဂျင်းငေးနေသည့်နေရာကို ဂယူဗင်းလိုက်ကြည့်မိတော့  Han Group ရဲ့ အဆောက်အအုံဖြစ်နေတာကိုတွေ့လိုက်ရသည်။

" လွမ်းနေတာလား "

" ဟင် ...  "

" အိမ်ကို လွမ်းနေတာလားလို့ "

" ဟုတ် နည်းနည်း"

လောလောဆယ်တော့ ဂယူတတ်နိုင်တာလည်း ဘာမှမရှိတာမို့ နားလည်ပါတယ်ဆိုတဲ့ သဘောနှင့်သာ ယူဂျင်း၏ ပခုံးကို ခပ်ဖွဖွ ပုတ်ပေးလိုက်သည်။

" ဖုန်းတော့ပြောဖြစ်တယ်မလား "

" ဟုတ် ... ဒါပေမဲ့ သူတို့အားတဲ့အချိန်နဲ့ ကျွန်တော် အားတဲ့ အချိန်က မကိုက်တော့ သိပ်တော့ မပြောဖြစ်ပါဘူး "

တော်ဝင်မိသားစုရဲ့အငယ်ဆုံးသားလေး ဆိုပေမဲ့ ဂယူဗင်းက ယူဂျင်းအတွက်တော့ အားကိုးရတဲ့ အကြီးတစ်ယောက်ဖြစ်ချင်ပါတယ်။

~ × ~

လကုန်ရက်ဖြစ်တဲ့အပြင် တနင်္ဂနွေနေ့ဖြစ်တာမို့ မရောက်လာသေးတဲ့ အီးမေးလ်တစ်စောင်ကို ဂယူ မျှော်နေမိတယ်။

နန်းတော်ထဲမှာပဲ ကြီးပြင်းခဲ့ရတဲ့ ဂယူ့မှာ သူငယ်ချင်းဆိုပြီး လက်ချိုး ရေတွက်ကြည့်ရင် လက်တစ်ဖက်မပြည့်ခဲ့ဘူး။ ငယ်ငယ်ကတည်းက အတူကြီးပြင်းခဲ့ရတဲ့ အစ်ကို ဖြစ်တဲ့ ထယ်ရယ်က ဂယူ့ရဲ့ အစ်ကိုဖြစ်ရုံတင်မကဘဲ အခင်ဆုံးသူငယ်ချင်းလည်းဖြစ်တယ်။ တစ်နှစ်ခွဲကျော်ကျော်ပဲကွာတာမို့ ဂယူနဲ့ ထယ်ရယ်က များသောအားဖြင့် သူငယ်ချင်းတွေလိုပဲ ​ပေါင်းဖြစ်ကြတယ်။

𝙻𝚘𝚏𝚝𝚢 [ Completed ]Where stories live. Discover now