16.

652 124 18
                                    

" မမ ခေါ်တယ်ဆိုလို့ "

" ရောက်လာပြီလား  ... ဒီအပတ် weekend ယူဂျင်းအိမ်ပြန်ချင်လား ..  "

" ဟုတ် ပြန်လို့ရရင်တော့ ပြန်ချင်ပါတယ် "

" ပြန်လို့ရတာပေါ့ ယူဂျင်းရဲ့ ... "

အိမ်ပြန်ရမဲ့ ယူဂျင်းက ပျော်မြူးသွားပေမဲ့ မပျော်နိုင်သူက ဂယူဗင်းသာ ။ တရားဝင်ခွင့်ပြုပြီးမှ အိမ်ပြန်လျှင် အနည်းဆုံး ၃၊ ၄ ရက်တော့ကြာမည်ဖြစ်ပြီး ထိုအချိန်ခဏတောင် သူက ယူဂျင်းနှင့်မခွဲချင်ပါ။

" မမ ! ငါရော လိုက်သွားလို့ရလား "

" အင်းလေ ... လိုက်သွားရမှာပေါ့ ၊ ခမည်းခမက်တွေကို မင်္ဂလာပွဲပြီးကတည်းက မနှုတ်ဆက်ရသေးဘူးမဟုတ်လား "

" ဒါဆို ငါလည်းလိုက်သွားမယ် ... တလက်စတည်း ကြာကြာနေမှာမို့ ကျောင်းကိုပါ ၃ရက်စာခွင့်တင်ထားပေးနော် ရတယ်မလား "

ကိုယ့်မောင်ကိုယ် ထိန်းမနိုင်တဲ့ ဂါအူးလ်တစ်ယောက်ကတော့ ၊ သက်ပြင်းရုံက လွဲ၍ မတတ်နိုင်ပါ။ ဟန်ယူဂျင်းကို ငါအတင်းလက်ထပ်ခိုင်းပြီး မသက်မသာယူထားရလို့သာ တော်သေးသည်ဟုတွေးမိသည်။ မဟုတ်ရင် မောင်မင်းကြီးသားက ထိုကလေးကို ငုံထားမလား မပြောတတ်။

" ရတယ် ..  မရလည်း နေမှာပဲ မလား "

ဂါအူးလ်ရဲ့ အမေးကို ဂယူဗင်းက ရယ်သည်။ တကယ်လည်း သူက တဇွတ်ထိုးမို့ ခွင့်မရလည်း ရအောင် ပျက်မည့်လူဖြစ်သည်။

" ဒါနဲ့ ... ယူဂျင်းနီးကရော ဒီနှစ်ပြီးရင် နိုင်ငံခြားမှာ စာသွားသင်ချင် စိတ်မရှိဘူးလား "

ဂါအူးလ်ရဲ့ အမေးကိုကြားမှ နောက်နှစ် ပြင်သစ်ကို သွားဖို့ ပြောထားတာကို ဂယူဗင်းသတိရမိသည်။
လက်ထပ်ပြီးနောက်ပိုင်း သူကိုယ်တိုင်လည်းပျော်နေတာမို့ ပစ္စုပ္ပန်အချိန်မှာ နေနေတာကြာပြီဖြစ်ပြီး အနာဂတ်အတွက် ဘာမှသိပ် မတွေးဖြစ်။

ယူဂျင်းက ဂါအူးလ်ရဲ့ မေးခွန်းကို အတန်းကြာ စဥ်းစားဟန်ပြုပြီးမှ သေသေချာချာပြန်ဖြေသည်။

" နိုင်ငံခြားကိုသွားပြီး စာသင်တာမျိုးလုပ်ချင်ပေမဲ့လည်း လက်ရှိ project အတွက် testing လုပ်နေတဲ့ အချိန်အတွင်း ကျွန်တော်က ဒီမှာ ရှိနေမှ ဖြစ်မှာမို့ သွားဖို့ စိတ်ကူးမရှိသေးပါဘူး၊ ဒါပေမဲ့ နောက်ကျရင်တော့ အခွင့်အရေးရှိမယ်ဆိုရင် ကြိုးစားကြည့်ချင်ပါတယ် "

𝙻𝚘𝚏𝚝𝚢 [ Completed ]Where stories live. Discover now