9.

645 128 4
                                    

Shen  Group နှင့် Han Group က ပါတနာတွေဖြစ်တာမို့ ယူဂျင်းနှင့် အစ်ကို ရစ်ခီက Social media တွေပေါ်မှာ friend ဖြစ်ပြီးသားလူတွေဖြစ်သလို၊ မျက်မှန်းတန်းမိပြီးသားလူတွေဖြစ်ကြသည်။

Social media ပေါ်မှာလည်း စကားတစ်ခါနှစ်ခါပြောဖူးပေမဲ့ အပြင်မှာ မဆုံဖူးတာမို့ ခပ်တည်တည်နဲ့ အစ်ကိုနှုတ်ဆက်ပေးတာကိုသာ ရေလိုက်ငါးလိုက်နေလိုက်ကြသည်။ သို့သော် အပြင်မှာဆုံဖြစ်ပြီးနောက်ပိုင်း အစ်ကို ရစ်ခီနဲ့ ယူဂျင်းရဲ့ ဆက်ဆံရေးက တိုးတက်တာ မြန်ခဲ့သည်။

အစ်ကိုရစ်ခီကလည်း ဖော်ဖော်ရွေရွေရှိပြီး နှစ်ယောက်သားကစီးပွားရေးအကွက်မြင်တတ်တာခြင်းကလည်း တူသေးတာမို့ ပြောစရာ အကြောင်းအရာများသည်။ ခင်လာတာနဲ့ အမျှ ယူဂျင်းက အစ်ကို ရစ်ခီ့ထံအကြောင်းသင့်ရင် သင့်သလို ၊ အစ်ကို့ ငယ်ဘဝ အကြောင်းကို မေးလေ့ရှိသည်။

တစ်ရက်က အချစ်ဦးအကြောင်းစပ်ဆက်မိလို့ အစ်ကို့ အချစ်ဦး အကြောင်းကို မေးကြည့်မိသည်။

~ အစ်ကို သိသလောက် Kim Gyuvin မှာ အချစ်ဦးမရှိပါဘူး၊ ယူဂျင်းနဲ့ လက်ထပ်ရမယ် ဆိုတုန်းက Park Gunwook ကို တစ်ခါ လက်ထပ်ခွင့် တောင်းဖူးတာပဲရှိတာ Ha Ha ~

ဘာမဟုတ်တဲ့ မက်ဆေ့ချ်တစ်စောင်ကို ထိုင်ကြည့်နေရင်း ယူဂျင်းမှာ ပူလောင်လာရသည်။

ဖုန်းတစ်ဖက်အခြမ်းက ရစ်ခီရှန်ကတော့ သူကိုယ်တိုင်လည်း ကင်မ်ဂယူဗင်း လက်ထပ်ခွင့် အတောင်းခံခဲ့ရကြောင်းကိုတော့ မပြောဘဲ ထိန်ချန်ထားပြီး အပြုံးအကြီးကြီးပြုံးကာ ကျေနပ်နေလေသည်။

~ × ~

" ယား ... ရုတ်တရက်ကြီး "

" ရစ်ခီ့နဲ့ရော တွေ့ပြီးပြီလား  "

" သူ့ဆီ အရင်ဝင်လာတာပါနော် "

မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းနှစ်ယောက် ပြေးဖက်နေတဲ့ မြင်ကွင်းကိုကြည့်ရင်း တစ်ဖက်က ကြည်နူးရသလို၊ တစ်ဖက်ကလည်း ယူဂျင်းမှာ ရင်ဘတ်ထဲ မွန်းကြပ်လာရသည်။

ဒီရက်ပိုင်း ယူဂျင်း တစ်ချိန်လုံး အစ်ကို က လက်ထပ်ခွင့်တောင်းရလောက်တဲ့ အထိ မြတ်နိုးရတဲ့လူက ဘယ်လိုလူဖြစ်မလဲလို့ တချိန်လုံးတွေးနေမိခဲ့တာဖြစ်သည်။ ။ အခုတော့ ယူဂျင်း ထင်နေမိတဲ့ အတိုင်းပင် အစ်ကို ဂွန်းဝုက အတော်ပြည့်စုံသည့် လူတစ်ယောက်ဖြစ်သည်။ 

𝙻𝚘𝚏𝚝𝚢 [ Completed ]Where stories live. Discover now