1.

832 148 17
                                    

ရှေ့သွားနောက်လိုက်ညီတယ်။ လိုက်ဖက်ညီတယ်။ ဒီစကားလုံးတွေက ဟန်အိမ်တော်ရဲ့သခင်လေးနဲ့ ဂယူဗင်းကို အတူတွဲတွေ့လိုက်တိုင်း နားနဲ့ မဆံ့အောင် ကြားနေရတဲ့ စကားလုံးတွေဖြစ်တယ်။

လက်ထပ်ပွဲ သတင်းတွေမှာလည်း ဒီစကားလုံးတွေကိုပဲ အမျိုးမျိုးအဖုံဖုံ ပုံစံမျိုးစုံပြောင်းလဲပြီး ခေါင်းစဥ်တပ်ကြတယ်။ 

ဂယူဗင်းတို့ အကုန်လုံးမျှော်လင့်ထားသည့်အတိုင်းပင် မင်္ဂလာသတင်းကြောင့် တော်ဝန်မိသားစုက LGBTQ+ community ကို ရွံရှာမုန်းတီးနေပါတယ် ဆိုတဲ့သတင်းဟာ အခြေအမြစ်မရှိတဲ့သတင်းသာသာဖြစ်သွားရသည်။

ရှုထောင့်အမျိုးမျိုးက ဓာတ်ပုံရိုက်ထားတဲ့ သူနဲ့ ဟန်ယူဂျင်းရဲ့ပုံတွေကို ကြည့်တော့ တကယ်လည်း လိုက်ဖက် ညီနေသလိုပါပဲ။ ဒါပေမဲ့ အဲ့ဒီလိုက်ဖက်ညီမှုကပဲ သူ့ကို စိတ်ရှုပ်ထွေးစေတယ်။

အသက်မပြည့်သေးတဲ့ ဒီကလေးငယ်က ဂယူ့ထက်ကို ပိုပြီး အာရုံစိုက်ခံနေရတယ်။ ဆောင်းပါးတွေက ဂယူဗင်းအကြောင်းထက် ဟန်ယူဂျင်းရဲ့ အကြောင်းကိုပဲ အသားပေးဖော်ပြတယ်။ အသက် ၁၇ နှစ်နှစ်ပဲရှိသေးတဲ့  Han Group ရဲ့ တစ်ဦးတည်းသောသား ဟန်ယူဂျင်းဟာ တောင်ကိုးရီးယားရဲ့ အကြီးဆုံးမားဆုံး အွန်လိုင်းရှော့ပင်း ဝက်ဘ်နဲ့ application ကို ရေးဆွဲခဲ့သူဖြစ်ကြောင်း၊ ဟန်ယူဂျင်းရေးခဲ့တဲ့  application နဲ့ ဝက်ဘ်ဆိုက်ကြောင့်ပဲ ဟန် လုပ်ငန်းစုရဲ့ အကျိုးအမြတ်တွေဟာ အဆပေါင်းများစွာ ထိုးတက်ခဲ့ကြောင်း၊ အဲ့ဒီလို ဝင်ငွေလမ်းကြောင်းနဲ့ အောင်မြင်မှု၊၊အခွင့်အရေးတွေရှိပါလျက်နှင့် လူငယ်ဘဝကို ဆုံးရှုံးခံပြီး မင်းသားဂယူဗင်းရဲ့ ကြင်ယာတော်ဖြစ်ဖို့ကိုသာရွေးချယ်ခဲ့ကြောင်း တခမ်းတနားဖော်ပြကြတယ်။

ယူဂျင်းနဲ့ သူနဲ့ အတူယှဥ်ရပ်နေရတိုင်း အဆင့်အတန်း၊ ရာထူးဂုဏ်သိမ်နဲ့ အစစအရာရာပြည့်စုံနေတဲ့လူက သူဖြစ်ပေမဲ့ ယူဂျင်းရဲ့ အရှိန်အဝါက ပိုပြီး အေးချမ်းပြည့်စုံနေသလိုမျိုးခံစားရတယ်။

" မင်းသားဂယူဗင်း ... ကြင်ရာတော်လာပါတယ် "

တော်ဝင်မျိုးနွယ်တွေက လက်ထပ်တာ စောတာ ပုံမှန်ဆိုပေမဲ့ ၂၁ ရာစုဖြစ်နေတာကြောင့်မို့ အသက်မပြည့်သေးတဲ့ ယူဂျင်းနဲ့ ဂယူဗင်းဟာ အဆောင်ခွဲပြီးပဲနေနေကြတာဖြစ်တယ်။

𝙻𝚘𝚏𝚝𝚢 [ Completed ]Where stories live. Discover now