5.

685 143 5
                                    

ဟန်ယူဂျင်းက အသက်မပြည့်သေးတဲ့ကလေး၊
ဟန်ယူဂျင်းက ဂယူဗင်း ကာကွယ်ရမဲ့ ကလေး၊
ဟန်ယူဂျင်းက နန်းတော်နဲ့ အံဝင်ခွင်ကျမဖြစ်သေးတဲ့ ကလေး။

အဲ့ဒီလိုမျိုး ဂယူဗင်း ယူဂျင်းအပေါ်မှာထားခဲ့တဲ့ ခပ်နုပ်နုပ် အထင်အမြင်တွေဟာ အွန်းဟာရဲ့ မင်္ဂလာပွဲနေ့မှာ ပျောက်ပျက်ခဲ့ရတယ်။

နန်းတွင်းထဲရောက်လာတာ သိပ်မကြာသေးတဲ့ ယူဂျင်းအတွက် ဂယူဗင်းက အွန်းဟာရဲ့ လက်ထပ်ပွဲမှာ ထပ်ကြပ်မကွာရှိနေပေးတယ်။

နိုင်ငံတော်တော်များများကတော့ သဝဏ်လွှာတွေသာပို့ကြပေမဲ့ အနည်းအကျဥ်းသော နိုင်ငံတွေကတော့ အိမ်ရှေ့စံမင်းသမီးရဲ့ မင်္ဂလာပွဲကို ကိုယ်တိုင်တက်ရောက်ချီးမြှင့်ပေးကြသည်။ ထိုနိုင်ငံ အနည်းစုထဲမှာ ဂျပန်နိုင်ငံလည်းပါဝင်ပြီး ဂျပန်နိုင်ငံရဲ့ အိမ်ရှေ့စံ ကိုယ်တိုင် တက်ရောက်ချီးမြှင့်ပေးတာဖြစ်သည်။

" မတွေ့ရတာ ကြာပြီ မင်းသားဂယူ "

" ဟုတ်ပါရဲ့ အိမ်ရှေ့စံရဲ့ လက်ထပ်ပွဲတုန်းက နောက်ဆုံးတွေ့ခဲ့တာ ဆိုတော့ ကြာပြီပဲ ..."

ဂယူကလည်း ဂျပန်လိုကောင်းကောင်း မပြောနိုင်သလို၊ အိမ်ရှေ့စံ မင်းသားကလည်း ကိုရီးယားလို မတတ်တာကြောင့် အင်္ဂလိပ်ဘာသာစကားနှင့်သာ ပြောနေကြတာဖြစ်သည်။ နှစ်ယောက်လုံးက ရေရေလည်လည်ပြောနိုင်သည်မို့ နည်းပညာပိုင်းဆိုင်ရာ စကားလုံးတွေ မပါလာမခြင်းတော့ စကားပြန်မသုံးဘဲ စကားပြောခြင်းက အဆင်​​ချောသည်။

" မင်းသားက အဲ့လိုပြောတော့ ကျွန်တော် မင်းသားရဲ့ မင်္ဂလာပွဲကို လူကိုယ်တိုင်မလာနိုင်တာ စိတ်မကောင်းဖြစ်ရတယ် ... "

" မဟုတ်တာ ... ကျွန်တော်ကလည်း ရုတ်တရက် ဖြစ်သွားတာ ဆိုတော့  "

" ဒါနဲ့ ကြင်ရာတော်ဟန်ရော ... နန်းတွင်းထဲမှာ အဆင်ပြေရဲ့လား "

ရုတ်တရက် ယူဂျင်းဆီကို ဦးတည်ပြီးမေးလာတဲ့ယူဂျင်းကြောင့် ဂယူ ဘာအကူအညီပေးရမလဲ ဆိုပြီး ယူဂျင်းကို ကြည့်တော့ ထိုကလေးက တစ်ချက်ကလေးမျှမတုန်လှုပ်ဘဲ အင်္ဂလိပ်စကားကို ချောချောမွေ့မွေ့ပြောချလာသည်။

𝙻𝚘𝚏𝚝𝚢 [ Completed ]Where stories live. Discover now