6.

711 134 4
                                    

မိန်းကလေးတစ်ယောက်နှင့် ခံ့ညားတယ် ဆိုတဲ့ စကားလုံးက ဟန်ချက်ညီ၏ ၊ မညီ၏ ဂယူဗင်းမသိ။

ဒါပေမဲ့ ဂါအူးလ်ကတော့ ကတော့ ခံ့ညားတယ်ဆိုတဲ့စကားလုံးနှင့်လိုက်ဖက်တာ သေချာသည်။

ဂါအူးလ် အိမ်ရှေ့စံဖြစ်ကတည်းက ဖျောက်ဖျက်၊ ပြောင်းလဲ ထဲတဲ့ စည်းကမ်းတွေ အများကြီးရှိသည်။

ပထမဆုံး ဂါအူးလ်အတွက် ခမည်းတော်က သားတော်ရှိရင်  အိမ်ရှေ့စံက အကြီးဆုံးသားယောကျ်ားလေးပဲ ဖြစ်မယ်ဆိုတဲ့ စည်းကမ်းက်ု ဂါအူးလ်အတွက် ပြင်ဆင်ခဲ့ပြီး အိမ်ရှေ့စံဖြစ်လာခဲ့သည်။

ဂါအူးလ် အိမ်ရှေ့စံဖြစ်သွားတဲ့အခါ တစ်ဆက်တည်းမှာပဲ 'အိမ်ရှေ့စံကလွဲရင် ကျန်တဲ့ မင်းသားတွေ နန်းတော်မှာနေခွင့်မရှိ ' ဆိုတဲ့ စည်းမျဥ်းကိုပါတစ်ခါတည်းဖျက်သိမ်းခဲ့သည်။

ခမည်းတော်နှင့် မယ်တော် မတော်တဆမှုကြောင့် ကွယ်လွန်ပြီးနောက် ဂါအူးလ် ဘုရင်မဖြစ်လာသည့်အခါမှာလည်း သက်ဦးဆံပိုင် ဘုရင်စနစ်ကနေ စည်းမျဥ်းခံ ဘုရင်စနစ်ကိုပြောင်းလဲခဲ့သည်။

သွေးသားမရသေးတဲ့ အခြေအနေတစ်ခုမှာ အိမ်ရှေ့စံနေရာကို လစ်လပ်မထားဘဲ ၊ အွန်းဟာကို အိမ်ရှေ့စံအဖြစ်ထားခဲ့သည်။

ဂယူဗင်းအတွက် ကြင်ရာတော်ရွေးတဲ့နေရာမှာလည်း စည်းကမ်းတွေကို ထပ်ပြီး ဖောက်ဖျက်ခဲ့သေးတယ်။

ဟန်ယူဂျင်းကို ကြင်ရာတော်ရွေးတာက ဂါအူးလ်ရဲ့ ပထမဆုံးအမှားလို့ ဂယူဗင်းထင်ခဲ့ပေမဲ့ ဂယူဗင်းထင်နေတာ မှားယွင်းနေကြောင်းဂယူဗင်းကို ယူဂျင်းက သက်သေပြသွားခဲ့ပြီ။

စည်းကမ်းတွေ တစ်ခုပြီးတစ်ခုကို ဖောက်ဖျက်ခဲ့တဲ့ ကင်မ်ဂါအူးလ်က မှားနေရင်တောင် မှားယွင်းရတဲ့ အကြောင်းပြချက်က အမြဲမှန်နေခဲ့တယ်။

တစ်ဆက်တည်းမှာပဲ ဂယူဗင်း ယူဂျင်းကို ဘယ်တော့မှ မအော်ဖို့ ဆုံးဖြတ်ချက်ချမိတယ်။ ယူဂျင်းကို အော်ပြီးတိုင်း နှစ်ယောက်သား ပြန်မပြေလည်ခင်အထိ စိတ်ပင်ပန်းနေရတဲ့ သူ့ပုံစံက သနားစရာကောင်းလွန်းတယ်။ အခုလည်း မင်္ဂလာပွဲကတည်း သေချာစကားပြန်မပြောဖြစ်တာမို့ ယူဂျင်းဆီ သွားဖို့ အကြောင်းအရာရှာနေပြီဖြစ်တယ်။

𝙻𝚘𝚏𝚝𝚢 [ Completed ]Where stories live. Discover now