10.

753 147 31
                                    

" အဆင်ပြေရဲ့လား ယူဂျင်းနီး "

ယူဂျင်းက အခုမှ ပထမဆုံးအကြိမ် လေယာဉ်စစီးဖူးတဲ့ ၅နှစ်သားလေး မဟုတ်ပေမဲ့ ဂဟူဗင်းမှာ မသွားခင်ညကတည်းက ကြိုပြီး စိတ်ပူနေတာ လေယာဉ်ပေါ်​ရောက်သည်အထိပင်ဖြစ်သည်။

" အဆင်ပြေပါတယ် အစ်ကိုရဲ့ "

" ပင်ပန်းလာရင်ပြောနော် "

" အစ်ကို ... "

"​ပြောလေ ယူဂျင်းနီး "

" ကျွန်တော့်ကို ၃ ၊ ၄ နှစ် ကလေး ထင်နေတာလားဟင် "

" မဟုတ်ပါဘူး ယူဂျင်းရဲ့ "

" အစက မိန်းကလေး ထင်နေတာလားလို့ မေးမလို့ ၊ ဒါပေမဲ့ တော်ရုံ မိန်းကလေးတွေတောင် ဒီလောက်အထိဂရုစိုက်ပေးစရာမလိုဘူးလားလို့လေ "

" မဟုတ်ဘူးလေ ... ကိုယ်က သူများသားလေးကို ယူထား ... အင်းးး ... အတင်း လက်ထပ်ထားပြီး  ဂရုမစိုက်လို့ ဘယ်ဖြစ်ပါ့မလဲ  "

ဂယူဗင်းက ထိုသို့ပြောတော့ ယူဂျင်းက ပြုံးသည်။

" ပြောနေပုံကြီးက မသိရင် အစ်ကိုက ကျွန်တော့်ကို ချစ်လွန်းလို့ အတင်းလက်ထပ်ထားတဲ့ စတိုင်နဲ့ "

" ချစ်လွန်းလို့ အတင်းလက်ထပ်ထားတာတော့ မဟုတ်ပေမဲ့ ... အစ်ကိုက မင်းကို ချစ်ပါတယ်ယူဂျင်းရဲ့ "

ရင်ထဲ ရှိတဲ့ အတိုင်းပြောလိုက်တော့ ယူဂျင်းက အံ့အားသင့်သလိုမျိုး မျက်လုံးဝိုင်းဝိုင်းလေးတွေနှင့် ငေးကြည့်လာခဲ့သည်။ အဓိပ္ပာယ်ကို မဖော်နိုင်တဲ့ မျက်ဝန်းတွေဆီက အဖြေကို လက်ခံဖို့ အင်အားမရှိသေးတဲ့ ဂယူဗင်းမှာ ချက်ချင်းစကားကို ပြင်ဖို့ကြိုးစားရတော့သည်။

" ကိုယ်ပြောတာ ညီလေး တစ်ယောက်လိုမျိူး ... "

" အင်း ... ကျွန်တော် သိပါတယ် "

ယူဂျင်းရဲ့ ပုံစံကြည့်ရတာ ပေါ့ပေါ့ပါးပါးပြန်ဖြစ်သွားမှ ဂယူဗင်းမှာ သက်ပြင်းခိုးချရသည်။
ကိုယ့်စိတ်ကိုယ် လက်မခံနိုင်သည် မဟုတ်သော်လည်း မရေရာသေးတဲ့အချိန်တစ်ခုမှာ ဂယူ ယူဂျင်းကို ဝန်မခံချင်သေးပါ။

စည်းကမ်းတင်းကြပ်လှတဲ့ နန်းတော်အတွင်းမှာ သူက ယူဂျင်းအတွက် သက်တောင့်သက်သာ ၊ မှီခို အားကိုးလို့ရသည့်လူတစ်ယောက် ဖြစ်လိုပါသည်။

𝙻𝚘𝚏𝚝𝚢 [ Completed ]Where stories live. Discover now