အခန်း(၁၀၁၀)

214 24 8
                                    

အခန်း(၁၀၁၀)

အရင်အကြွေးတင်ထား.. ပြီးမှ ထွက်သွား။






မန်နေဂျာ Jin မှ ပြောလိုက်သည်။ "Mu Linger မင်း အရမ်းစျေးပေါချင်နေတာလား။ ကောင်းပြီ ဒါဆိုလည်း ငါ့နောက်လိုက်ခဲ့။"

ပြောရင်းဆိုရင်း သူက လှည့်ကာ သူမအား သူ၏ အခန်းသို့ ဆွဲခေါ်သွားသည်။ Mu Linger ၏ နှလုံးခုန်နှုန်းမှာ မြန်လွန်းသဖြင့် သူမ၏ ရင်ဘတ်မှ ပေါက်ထွက်လာတော့မည်ကဲ့သို့ ခြိမ်းခြောက်ခံနေရသည်။ သူမက  လုံးလုံးလျားလျား ရှုပ်ထွေးနေပြီး ဤကိစ္စများမှာ လက်တွေ့လား၊ အိပ်မက်လား မသေချာတော့ပေ။ မန်နေဂျာ Jin မှာ အတွင်းခန်းမှ တံခါးသော့ခတ်ပြီးနောက် သူမထံ ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်ဖြင့် ချဉ်းကပ်လာသည်ကို မဝံ့မရဲ ကြည့်နေခဲ့သည်။ ဖြည်းဖြည်းချင်း သူမက နောက်ဆုတ်ကာ ကြောက်စိတ်များ ခံစားလာရသည်။ဤအပေးအယူမှာ မည်မျှထိတ်လန့်စရာကောင်းသည်ကို သူမ သဘောပေါက်လာပြီး နောင်တရစပြုလာသည်။ 

ရုတ်​တရက်​ မန်​​နေဂျာ Jin မှာ ​ရှေ့သို့ ​လျှောက်​လာပြီး သူမ၏ လက်​အား ကိုင်​လိုက်​သည်​။ သူမ မအော်နိုင်ခင် သူမအား ကုတင်ပေါ် လှဲချလိုက်ပြီး  မတုံ့ပြန်နိုင်ခင် အပေါ်မှ အုပ်မိုးလိုက်သည်။ Mu Linger ၏အမူအရာမှာ အထိန်းအကွပ်မဲ့ တုန်ရင်စပြုလာသည်နှင့်အမျှ ဖြူဆုတ်လာသည်။ သူမက ကိစ္စအားလုံး နောင်တရကြောင်း အော်ဟစ်မိခြင်းမှ ကျဉ်းမြောင်းစွာ ရှောင်ရှားနေရသည်။ သို့သော် မန်နေဂျာ Jin မှာ ဤလျှို့ဝှက်ချက်အား Jun Yixie ဖြင့် ညှိနှိုင်းရန် အမှန်တကယ် အသုံးချခဲ့လျှင် သူတို့အားလုံး ဒုက္ခရောက်သွားလိမ့်မည်။ သူမက ဘေးဥပဒ်အား ဖိတ်ခေါ်မိသူပင်..  အခြားလူများအား သူမနှင့်အတူ ဆွဲချ၍ မဖြစ်ပေ။

ကုတင်ပေါ်တွင် လဲလျောင်းနေကာ  မန်နေဂျာ Jin အား ထိတ်လန့်တကြားကြည့်ရင်း ရုတ်တရက် ဤအမျိုးသားမှာ ကြောက်မက်ဖွယ်ကောင်းသော သူစိမ်းတစ်ယောက်ဖြစ်ကြောင်း ရုတ်တရက် သတိပြုမိလာသည်။ 

ထိုအချိန်တွင် မန်နေဂျာ Jin မှာ မလှုပ်ရှားပဲ ရိုးရှင်းစွာသာ ပြန်၍ စိုက်ကြည့်နေသည်။ သူမက နောက်ဆုံးတွင် မျက်ရည်ကျသည်အထိ ပို၍ ပျာယာခတ်လာသည်။ "မန်… မန်နေဂျာ Jin၊ ကျွန်မတို့ သဘောတူထားတာကို ပြောင်းလို့ရမလား။"

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now