အခန်း(၁၁၃၅)

213 27 6
                                    

အခန်း(၁၁၃၅)

အံ့ဩဝမ်းသာစရာ ရုတ်တရက် ရှာဖွေတွေ့ရှိမှု။







Gu Beiyue မှာ Long Feiye ၏ လမ်းညွှန်ချက်ကို လိုက်နာပြီး နောက်ဆုံးတွင် သစ်ပင်အောက်ရှိ ထွက်ပေါက်သို့ ရောက်ရှိလာခဲ့သည်။ သူက သတိလစ်နေသော Tang  Li ကို  အပြင်သို့ ပို့ပေးပြီးနောက် ကူညီရန် နောက်ပြန်လှည့်လာသည်။ ယုအာလေးမှာ အားအင်ကုန်လုနီးပါး ဖြစ်နေစဥ် စတုတ္ထ သခင်မလေးရမ်မှာ မောပန်းနေသည်။ Gu Beiyue မှ လိုဏ်ခေါင်းထဲသို့ ပြန်ဝင်လာချိန်တွင်၊ Gu Qishao မှာ တစ်စုံတစ်ခုကို သတိရသွားပုံရသည်။ သူက Su Xiaoyu ကို လျင်မြန်စွာ ချီ၍ ထွက်သွားကာ စတုတ္ထ သခင်မလေးရမ် ကို Gu Beiyue ဖြင့်ထားခဲ့လေသည်။ မြေပြင်မှ အပေါ် သစ်ပင်၏ ထွက်ပေါက်ဆီသို့ အကွာအဝေးတစ်ခုရှိသောကြောင့် Gu Qishao မှာ မရင်းနှီးသော အမျိုးသမီးတစ်ဦးကို သယ်ဆောင်ကာ ထွက်သွားလိုခြင်း မရှိပေ။

သဘာဝကျစွာပင် ထိုအတွေးမှာ Gu Beiyue တွင်လည်း ဖြစ်ပေါ်လာခဲ့သည်။ 

“စတုတ္ထ သခင်မလေးရမ်၊ ကျွန်တော်ကို ခွင့်လွှတ်ပါ။ ကျွန်တော် မင်းကို ကျောပိုးလို့ရမလား။" Gu Beiyue မှာ သင်တန်းကျောင်းကျောင်းအုပ် တစ်ဦးဖြစ်လင့်ကစား ကျိုးနွံ နိမ့်ချဆဲပင်။

စတုတ္ထ သခင်မလေးရမ် ၏ နှလုံးသားမှာ အချိန်အတော်ကြာကပင် ပျာယာခတ်နေသော်လည်း သူ၏ ကျောပေါ်သို့ ဂရုတစိုက် တက်လိုက်သည်။ ကံမကောင်းစွာဖြင့်၊ သူမက သူ၏ နွေးထွေးမှုကို ခံစားမိစတွင်ပင် ထွက်ပေါက်သို့ ရောက်လာလေသည်။ Gu Beiyue မှာ နွေးထွေးကာ နူးညံ့သိမ်မွေ့သော လူတစ်ယောက်ဖြစ်နိုင်သော်လည်း သူ၏ အရှိန်မှာတော့ ထိုသို့ မဟုတ်ချေ။ သူမကို ချပေးလိုက်သည်နှင့် တစ်ပြိုင်နက် ပြီးဆုံးသွားပြီ ဖြစ်သည်။ 

ဤထွက်ပေါက်ကို စောင့်ကြပ်နေသည်မှာ Xu Donglin နှင့် အဆိပ်အစောင့်အနည်းငယ်၊ ကြေးစားအမျိုးသမီးများ နှင့် Chu Tianyin မှ ကိုယ်တိုင် ရွေးချယ်ထားသော လေးသမား ဆယ်ယောက်ပင်။ သူတို့က လေခွင်းလေးအတတ်ကို သိကြသေးသော ချူမျိုးနွယ် ၏ ကျန်ရစ်သူများပင်။ 

"အခြေအနေက ဘယ်လိုလဲ။ အရှင့်သားနဲ့ မင်းသမီးက ဘယ်လိုလဲ။" Xu Donglin မှာ အလျင်စလိုမေးလိုက်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now