အခန်း(၁၀၂၉)

225 32 6
                                    

အခန်း(၁၀၂၉)

တိတ်တဆိတ် နားလည်မှု။ ပေါ့ပါးသော တိမ်တိုက်များနှင့် လေနုအေး။









ဆေးတောင်းဆိုမှု ထဲသို့ ဝင်လာချိန်တွင် Gu Qishao ၏ အပြုအမူအားလုံးကို ပြန်စဥ်းစားမိလျှင် ဆေးမီးဖိုသခင်မှာ သူက လူမိုက်ဖြစ်နေမှန်း သဘောပေါက်သွားတော့သည်။ အရူးလေးမှာ သူ၏ မျက်လုံးများရှေ့တွင် ရှိသော်လည်း မမှတ်မိခဲ့ပေ။

အရူးလေးမှာ ဆေးတောင်းဆိုမှု ဂူနှင့် ၎င်း၏အတွင်းပိုင်းများအကြောင်း အားလုံးသိနေပြီး သူ၏ အတွေးများကိုပင် ဖတ်နိုင်ခဲ့သည်။ သို့ရာတွင် သူက  သတိမပြုမိခဲ့ပေ။

ဆေးမီးဖိုသခင်မှာ ခါးသီးစွာပြုံးလိုက်မိသည်။ Han Yunxi မှ သူ့အား အဖြေပေးရန် ဘယ်လို ဖိအားပေးခဲ့ကြောင်း ပြန်စဥ်းစားမိလျှင် သူက လက်ထောက်လေးအား လျင်မြန်စွာ မေးလိုက်သည်။ "Gu Qishao က မင်းကို ဒီကြေးနီဒင်္ဂါးပြားကို ဘယ်တုန်းက ပေးခဲ့တာလဲ။"

“အစောကပဲ ။ သူထွက်သွားပြီလို့ ကျွန်တော်ထင်နေတာ… ဒါပေမယ့် Gu Qishao၊ သူ...သူက ပုန်းနေပြီး ဆရာ့ကို တိတ်တဆိတ် လျှို့ဝှက်စောင့်ကြည့် နေတယ်။" လက်ထောက်လေးမှ မဝံ့မရဲပြောလိုက်သည်။

ဆေးမီးဖိုသခင် ၏ အပြုံးမှာ ပို၍ အားကိုးရာမဲ့လာသည်။ "ဒါကြောင့်မို့လို့! အဲဒါကြောင့်မို့လို့ .. အာ…”

Gu Qishao မှာ မည်သည့်အချိန်ကမှ ထွက်သွားခြင်း မရှိသော်လည်း သူက Han Yunxi ထံ ပြောသမျှကို နားထောင်ရန် နောက်တွင်နေခဲ့သည်။ ဆေးမီးဖိုသခင် ၏ အပြုံးမှာ ပြသနာတစ်ခုအား နားလည်သွားပြီးနောက် မျက်ရည်အဖြစ်သို့ ပြောင်းလဲသွားစေရန် ခြိမ်းခြောက်လာသည်။ ထိတ်လန့်သွားပြီး သူက အော်ဟစ်လိုက်တော့သည်။ "သူက... သူက ဆေးမြို့တော်ရဲ့ ချီကလေးပဲ။ "

ဆေးမီးဖိုသခင်မှာ လောကရေးရာကိစ္စများကို စိတ်မ၀င်စားသော်လည်း Long Feiye မှ နဂါးရှင်သန်ခြင်းဆေးဖြင့် ပတ်သက်၍ ဆက်သွယ်လာချိန်တွင် သူက Long  Feiye နှင့် Han Yunxi တို့ဖြင့် အဆက်အသွယ်မပြတ်ခဲ့ပေ။ ထို့ကြောင့် သူက ဆေးဝါးနှင့် ဆေးမြို့တော်များမှ အချက်အလက်များအား အာရုံစိုက်ခဲ့သည်။ အိမ်ထောင်မရှိသော Gu Yuntian ၏သားမှာ ဆေးဘက်ဆိုင်ရာအသိုင်းအဝိုင်းတွင် သတင်းကြီး ဖြစ်သောကြောင့် ၎င်းကို သူကလည်း သိနေသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now