အခန်း(၁၁၀၅)

178 26 2
                                    

အခန်း(၁၁၀၅)

ပစ်မှတ်ကို ရရှိပြီး။





Su Xiaoyu…..

Han Yunxi မှာ ထိုနာမည်ကို မကြားရသည်မှာ ကြာမြင့်လှပြီပင်။ ၎င်းကို ပိုင်ဆိုင်သည့်ကလေးကို မတွေ့ရသည်မှာမူ ပို၍ ကြမြင့်နေပြီ ဖြစ်သည်။ Su Xiaoyu မှာ သူလျှိုတစ်ဦးဖြစ်ကြောင်း သူမ ပထမဆုံးတွေ့ရှိခဲ့ချိန်တွင် သူမလေးအား ဖယ်ရှားပစ်ရန် နှလုံးသားမမဲ့နိုင်သော်လည်း ကောင်မလေးအား အနားသို့ ခေါ်ဆောင်ထားနိုင်ရန် မျှော်လင့်ခဲ့သည်။ ကံကြမ္မာအရ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း Su Xiaoyu ကို သူမ မမုန်းတီးနိုင်ခဲ့ပေ။ ထိုသို့သော ကလေးငယ်လေးထံ ကြမ်းတမ်းသော တစ်စုံတစ်ခုကို ပို၍ မလုပ်ဆောင်နိုင်ပေ။

ပြန်တွေးကြည့်လျှင် Han Yunxi မှာ Su Xiaoyu ကို ဓားစာခံအဖြစ် များစွာ ခံစားနေရမည်ထက် အသက်ဆက်ရှင်စေခဲ့ပြီး သူမ၏ မှတ်ဥာဏ်များပြန်ရပြီးနောက်မှာ ထွက်သွားစေရန် ပိုလိုလားမိသည်။ Su Xiaoyu မှာ Jun Yixie ၏လက်ထဲတွင် ဝှက်ဖဲတစ်ချပ်ဖြစ်လာသည်ထက် ငတ်မွတ်ခြင်း သို့မဟုတ် ဖျားနာခြင်းထက် သေကြောင်းကြံရန် ပို၍ ဆန္ဒရှိခဲ့သည်။ Bai Yuqiao မှာ သူမ၏ စာများတွင် တော်တော်များများကို ပြောပြခဲ့သည်။ အစ်မတစ်ယောက်အနေဖြင့် Bai Yuqiao မှာ Su Xiaoyu ၏ စွန့်လွှတ်အနစ်နာခံမှုများကို အမှတ်ရစေရန် ဤနည်းလမ်းကို အသုံးပြုခဲ့ပြီး Su Xiaoyu ကိုကယ်တင်ပြီးနောက် ကြင်နာစွာဆက်ဆံရန် သူတို့၏ ကတိကို လေးစားရန် သတိပေးနေမှန်း သူမ သိနေသည်။

Han Yunxi မှာ Su Xiaoyu ၏ ဖြူစင်သော မျက်နှာနှင့် ရင့်ကျက်သော အမူအရာများကို ပြန်စဥ်းစားမိသည်။ ထို့နောက် ကျားထောင် ၏ အနောက်ခြမ်းတွင် ရှာဖွေတွေ့ရှိခဲ့သော သွေးအိုင်ကို တွေးမိကာ သူမ၏ နှလုံးသားတွင် တုန်ခါသွားတော့သည်။ ယုအာလေးမှာ သူမတွင် အစ်မတစ်ယောက်ရှိသည် သို့မဟုတ် ထိုသူမှာ မည်သူဖြစ်သည်ကို သိစရာမလိုပေ။ သို့ရာတွင် Bai Yanqing ၏ လက်ထဲတွင် သေ၍ မဖြစ်ပေ။

Han  Yunxi မှာ ရပ်တန့်ရန် ပြင်ဆင်နေစဉ် Ning Jing မှ လှမ်းပြောလာသည်။ "Han Yunxi၊ တကယ့်လို့ ငါသေရင်တောင် Su Xiaoyu  တော့ မဖြစ်ဘူး။ ငါ့အစ်ကိုက Bai Yuqiao ကို ကတိပေးပြီးသား။ သူ့ကတိတွေက ဒီမျိုးနွယ်ရဲ့ ကတိပဲ။  သေပြီးသား သူတစ်ယောက်အပေါ် ငါတို့ကတိကိုဖျက်လို့မရဘူး။”

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now