အခန်း(၁၁၅၅)

206 35 2
                                    

အခန်း(၁၁၅၅)

ကျွန်တော်တို့ ဘယ်တော့မှ ပြန်မတွေ့ပါရစေနဲ့။







တိမ်တိုက်ကုန်းမြေကြီး ၏ အာဏာအရှိဆုံးသမားတော် Gu Beiyue မှ သူ၏ရောဂါရှာဖွေမှုကို ပေးခဲ့ပြီးဖြစ်သောကြောင့် လူတိုင်းမှာ တစ်နည်းတစ်ဖုံဖြင့် အနည်းငယ် စိတ်အေးလက်အေး ဖြစ်သွားကြသည်။Han Yunxi  မှာ ရှည်လျားစွာ အသက် ရှူထုတ်လိုက်ပြီး စိတ်တည်ငြိမ်နေရန် ကိုယ့်ကိုကိုယ် ပြောလိုက်သည်။ သူမ၏ ရင်သွေးကို ထပ်မံ ထိခိုက်စေရန် အမှန်တကယ် မတတ်နိုင်တော့ပေ။

"နောက်ကျနေပြီ၊ အားလုံးက လူစုခွဲကြတော့… မနက်ဖြန်မှ ကျန်တာပြောလို့ရတယ်။” Long Feiye မှ ပြောကာ Xu Donglin ထံ အသံတိုးတိုးဖြင့် ညွှန်ကြားလိုက်သည်။ " စတုတ္တမိန်းကလေးရမ်ကို မနက်ဖြန်မနက် လာဖို့ မေးလိုက်။"

Bai Yanqing ကဲ့သို့ အဆိပ်အကျိတ်ကြီးကို ဖယ်ရှားပြီးနောက်တွင် နောက်ဆက်တွဲ ပြသနာ အနည်းငယ် ကျန်သေးသည်ပင်။ သို့ရာတွင် Long Feiye မှာ Han Yunxi ကို အသေးစိတ်အချက်အလက်များတွင် ပါဝင်ခွင့်မပေးတော့ပေ။ ဆောင်းရာသီမှာ အလှမ်းဝေးနေသေးသော်လည်း အနားယူရန် သူမအား ကျန်းနန်ရှိ မက်မန်းပွင့်ပင်လယ် ပို့ပေးရန် သူက စဉ်းစားနေပြီပင်။

“အရင်ဆုံး အခန်းပြန်သွားနှင့်။ တစ်ချို့ကိစ္စတွေကို ဖြေရှင်းပြီးရင် ကိုယ်လိုက်ခဲ့မယ်။”  Long Feiye မှာ ရေရွတ်လိုက်သည်။

နာခံမှုရှိနေသည့် Han  Yunxi မှာ သူမ၏ ဗိုက်ကို ပွတ်ရင်း ခေါင်းညိတ်လိုက်သည်။ သူမ တစ်ညတာ ကောင်းမွန်စွာ အိပ်စက်ပြီး သူမ၏ စိတ်ဓာတ်ကို ဦးစွာ ခွန်အားပေးရမည်ဟု  တွေးလိုက်သည်။ ထို့နောက် စတုတ္ထ သခင်မလေးရမ်မှာ သူမအား စစ်ဆေးကာ  ရက်အနည်းငယ် အနားယူပြီးနောက် အလုပ်ရှုပ်နေနိုင်သည်။ လုပ်စရာ အများအပြား ရှိနေသေးသည်။

လူအားလုံး ခွဲသွားချိန်တွင် Gu Qishao မှာ ခေါင်မိုးဆီသို့ ဦးတည်သွားလိုက်သည်။ သူ၏ ဦးတည်ရာကို မသိရပေ။ Long Feiye မှာ Chu Xifeng ကို ချက်ချင်းလိုက်သွားရန် အမိန့်ပေးလိုက်သော်လည်း Gu Beiyue မှာ အရိပ်အယောင်ကို ကြာမြင့်စွာကပင် သတိပြုမိခဲ့ပြီး ဖြစ်သည်။ “အရှင့်သား…” သူက အသံတိုးတိုးဖြင့်ပြောလိုက်သည်။ “မော့ရှဲ့ ဓားဝိဥာဉ်ကို ဆုံးရှုံးပြီး နွယ်ပင် တွေကို အလွန်အကျွံအသုံးပြုခဲ့တာက ချီရှောက်ရဲ့ သွေးနဲ့ ချီကို မတန်တဆ ပင်ပန်းသွားစေတာ ဖြစ်နိုင်ပါတယ်။ အခြေအနေက အဆင်မပြေပါဘူး။ ကျွန်တော်က ချိတ်ပိတ်နယ်မြေမှာ သူရဲ့ သွေးခုန်နှုန်းကို စစ်ဆေးခဲ့ပြီး လွဲချော်နေတာ မတွေ့ခဲ့ရပေမယ့် သူ့ကို ရက်နည်းနည်းလောက် အနားယူခိုင်းတာက ပိုကောင်းပါတယ်။”

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Nơi câu chuyện tồn tại. Hãy khám phá bây giờ