အခန်း(၁၀၆၅)

194 27 1
                                    

အခန်း(၁၀၆၅)

အံ့ဖွယ် ဖြစ်လာလေမလား။








ထိုအသံနောက်လိုက်သွားလျှင် ခေါင်းဆောင် ဂုဏ်ထူးဆောင်အကြီးအကဲမှာ Gu Beiyue အား တွဲကာ အလျင်အမြန်လမ်းလျှောက်လာသည်ကို တွေ့လိုက်ရသည်။ Han Yunxi  နှင့် ကျန်လူများမှာ Gu Beiyue မှ လျင်မြန်စွာ လှုပ်ရှားနိုင်သည်ကို အံ့သြနေကြတော့သည်။ သူက တောင်အောက်ရှိ ဓားစာခံများကို ဂရုစိုက်နိုင် ရုံသာမက ခေါင်းဆောင် ဂုဏ်ထူးဆောင်အကြီးအကဲကိုပင် ကယ်တင်လာသည်။

သူ သူ့ကိုကယ်ပြီးတာနဲ့ ဒီကို တက်လာတာလား။

"ဖေးယဲ့ မြန်မြန်။ နိဗ္ဗာနလျှိုစောက်ကို မြန်မြန်သွားတော့… ဓားချိတ်ပိတ်ထားတဲ့ စင်က ပျက်တော့မယ်။”ခေါင်းဆောင် ဂုဏ်ထူးဆောင်အကြီးအကဲမှာ အလွန်ထိတ်လန့်နေပြီး သူ၏ အတွင်းပိုင်း၌ တိုက်စားစပြုလာသော အဆိပ်များကိုပင် လျစ်လျူရှုထားသည်။သူနှင့် ဒုတိယဂုဏ်ထူးဆောင် အကြီးအကဲ နှစ်ဦးစလုံးမှာ အဆိပ်ခတ်ခံရပြီး သိုင်းကျမ်း ထိန်းသိမ်းရေးအဆောင်၏ အပေါ်ဆုံးထပ်တွင် ပိတ်လှောင်ခံထားရသည်။ တတိယအကြီးအမှူးမှာ စောင့်ကြပ်ရန် တာဝန်ယူထားခဲ့သည်။ ဂုဏ်ထူးဆောင် အကြီးအကဲနှစ်ဦးမှာ ကောင်းကင်ယံတောင်တန်းတွင် ရုန်းရင်းဆန်ခတ်ဖြစ်နေသည်ကို ကြားသိခဲ့ရသော်လည်း ဘာဖြစ်သွားသည်ကို မသိခဲ့ပေ။ Gu Beiyue မှ တတိယအကြီးအမှူးကို ဖြေရှင်းပြီး Long Feiye နှင့် Han Yunxi ရောက်ရှိလာသည်ကို သိရကာ နှစ်ဦးလုံးကို ကယ်တင်သည့်အချိန်အထိပင်။

မိစ္ဆာဓါးဂိုဏ်း ၏ခေါင်းဆောင်မှာ ကောင်းကင်ယံတောင်ပေါ်တွင် မရှိသောကြောင့် Long Feiye ၏ဓားကျွမ်းကျင်မှုနှင့် Han Yunxi ၏အဆိပ်များမှာ မိစ္ဆာဓါးဂိုဏ်း၏ တပည့်များနှင့် ထိန်းသိမ်းရေးအဆောင် နှစ်ဆောင်နှင့် ခြံဝန်း တစ်ခုမှသစ္စာဖောက်များကို ဂရုစိုက်ရန်လုံလောက်သည်။ ထို့ကြောင့် Gu Beiyue မှာ သူတို့အား နိဗ္ဗာန လျှိုစောက်သို့ ချက်ခြင်းခေါ်ဆောင်သွားခဲ့သည်။ 

နိဗ္ဗာနလျှိုစောက်မှာ ကောင်းကင်ယံတောင်၏ အလျှို့ဝှက်ဆုံး တားမြစ်နယ်မြေများထဲမှ တစ်ခုဖြစ်သည်။ ၎င်းတွင် ရှေးဟောင်းရတနာဓား၊ ကန်ကျန်း ကို ချိတ်ပိတ်ထားသည့် စင်မြင့်တစ်ခု ရှိနေသည်။ကောင်းကင်ယံတောင်ဓါးဂိုဏ်း ကို တည်ထောင်ခဲ့သူမှာ ဓါးကို သိမ်းသွင်းနိုင်ခြင်း မရှိခဲ့ပေ။ ထို့ကြောင့်၊ သူက ၎င်းအား ချိတ်ပိတ်ထားရန် ဓားစင်မြင့်ကို တည်ဆောက်ရန် သူ၏ အသက်စွမ်းအင်ကို အသုံးပြုခဲ့သည်။ မိစ္ဆာဓားဂိုဏ်းမှာ သူတို့၏ ဂိုဏ်းကို ပစ်မှတ်ထားနေပုံတူသော်လည်း စစ်မှန်သော ရည်ရွယ်ချက်မှာ ကန်ကျန်း အတွက်ပင်။ သို့သော် မိစ္ဆာဓါးဂိုဏ်းခေါင်းဆောင်၏ အတွင်းအားအရန်မှာ အကန့်အသတ်ရှိပြီး ဓားကို သိမ်းသွင်းနိုင်ခြင်းမရှိပေ။ သို့တိုင် သူက မထွက်ခွာမီတွင် ဂုဏ်ထူးဆောင် အကြီးအကဲ သုံးဦးကို ခြိမ်းခြောက်ရန် ဓားစင်မြင့်ကို ဖျက်ဆီးခဲ့သည်။ ၎င်းမှ လုံးဝပျက်စီးသွားချိန်တွင် ကန်ကျန်း ဓားဝိဥာဥ်မှာ တစ်နှစ်အတွင်း ဖြည်းညင်းစွာ နိုးထလာလိမ့်မည်။ မိစ္ဆာဓားဂိုဏ်းမှာ ဂုဏ်ထူးဆောင် အကြီးအကဲများကို ဖိအားပေးကာ ဓါးဝိဥာဥ်အား သိမ်းသွင်းရန် ထိုအခိုက်အတန့်ကို စောင့်နေခြင်းပင်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now