အခန်း(၁၁၁၇)

201 24 2
                                    

အခန်း(၁၁၁၇)

တစ်ယောက်၏ ဦးနှောက်ကို စမ်းသပ်ရန် ပဟေဠိ။







ကမ္ဘာလေညှင်းလွန်…..။

ဆေးနာမည်က ထူးဆန်းလိုက်တာ…..။

Long Feiye မှာ ကိုယ့်ကိုကိုယ် စကားပြောနေစဥ် Gu Qishao မှ စကားစလာသည်။ "Gu Beiyue၊ တကယ့်လို့ ဒီဆေးညွှန်းက  ကမ္ဘာလေညှင်းလွန်ကို မသုံးဖူးဆိုရင် သူ့နေရာမှာ ဘာသုံးမလဲ။"

ဉာဏ်ကြီးရှင် ဆေးဝါးပညာရှင်တစ်ဦးအနေဖြင့်၊ Gu Qishao မှာ ပစ္စည်းနှင့် ကိုက်ညီသည့် ပါဝင်ပစ္စည်းများ အများအပြား ကိုယ်တိုင် ထုတ်ပေးနိုင်သော်လည်း ၎င်းမှာ ကိုယ်ဝန်ဆောင်မိခင်အတွက် ဆေးညွှန်းဖြစ်သောကြောင့် Gu Beiyue ၏ အမြင်ကို လိုအပ် နေသည်။ Gu Beiyue မှာ မျက်ခုံးကျုံ့ကာ “ကမ္ဘာ့လေညှင်းလွန်" ကို စိုက်ကြည့်ရင်း အတွေးထဲ နစ်မြှုပ်နေသည်။

"Qishao အဖြေက ကမ္ဘာလေညှင်းလွန် မဟုတ်ပဲ အဲဒီနေရာက ပါဝင်ပစ္စည်းတွေရဲ့ အမှန်လို့ ပြောချင်တာလား။" Tang Li  မှ အလျင်စလိုမေးလိုက်သည်။

Gu Qishao မှာ ပဟေဠိများကို ဖြေရှင်းရာတွင် အတော်လေး တော်သူပင်။ ရှားရှားပါးပါး လေးနက်နေသည့် အခိုက်အတန့်လေးတွင် သူက တုံ့ပြန်လိုက်သည်။ “ဆေးညွှန်းတစ်ခုတည်းကို ကြည့်ပြီးရင် လိုက်ဖက်မယ့် ဖြစ်နိုင်ချေတွေ အများကြီးရှိတယ်။အတွေ့များတဲ့ ပဲရိုင်းမြစ်၊ပိုင်ကျူမြစ် [T/N :: တရုတ် တိုင်းရင်းဆေးမှာ သုံးတဲ့အမြစ်တစ်မျိုးပါ]၊ သွေးအာဟာ​ရမြေ၊ နာခအီ [TN: Nakai :: Angelica giga ကိုရီးယားတိုင်းရင်းဆေးမှာ သုံးတဲ့ အမြစ်တစ်မျိုး ပါ]၊ ကဲလျှော အညှာ ဒါမှမဟုတ် ပွင့်ခံ [T/N ::: cushaw :: sweet potato pumpkin:: မက္ကဆီကိုမျိုးရင်း ကစွန်းဖရုံ]၊ တရုတ်မြက်အမြစ် ဒါမှမဟုတ် သာမာန် ဝတ်ဆံဖိုနဲ့ ဝတ်ဆံမ [T/N :::တရုတ်မြက် ::: ramie :: တရုတ်မှာ ပေါက်တဲ့ ဆူးပင်တစ်မျိုးဖြစ်ပြီး ပိတ်စနဲ့ တူတဲ့ဖိုင်ဘာအမျှင်တွေ ထုတ်ပေးပါတယ်။]၊ အနက်ရောင်စိတ်ဝိဥာဥ်ရည်၊ ဗုဒ္ဓကျောက်စိမ်း၊ ကောင်းကင်သစ်ရွက်၊ မဟာသတ္တမြစ်၊ ညနှင်းရည် လိုမျိုးဟာတွေ။"

Gu Qishao မှာ ထိုအမည်များအားလုံးကို ရုတ်ခြည်း ရွတ်လိုက်သည်ကို ကြားလိုက်ရလျှင် Tang Li ၏ခေါင်းမှာ ဖောင်းပွလာကာ Gu Beiyue ထံ အကူအညီတောင်းရန် လှမ်းကြည့်လိုက်တော့သည်။ကမ္ဘာလေညှင်းလွန် အတွက် အစားထိုးမှုများစွာ ရှိနေလျှင် သူတို့က မည်သည့်အရာများကိုသာ အာရုံစိုက်သင့်သည်လဲ။ Gu Beiyue မှာ အထူးသဖြင့် စတုတ္ထသခင်မလေးရမ် သည် သူ၏ ကျောင်းသူဖြစ်သောကြောင့် ၎င်းကို အဖြေရှာရပေမည်။ သူက သူမ၏ ဆေးညွှန်းရေးခြင်းအလေ့အထနှင့် အရင်းနှီးဆုံးဖြစ်သင့်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now