အခန်း(၁၁၉၄)

190 24 0
                                    

အခန်း(၁၁၉၄)

မင်းက မှောင်သွားမှ ကြယ်တွေကို မြင်နိုင်လိမ့်မယ်။







Jin Zi မှာ ဘယ်သွားနေသည်လဲ။ အကယ်၍ Ning  Cheng မှ သူက ဆောင်းကျီးပြည်သို့သွားသည်ဟု လိမ်ထားခြင်း မရှိလျှင် ကောလာဟလများမှာ ကြာမြင့်စွာကပင် စစ်တပ်တွင်း စတင်နေလိမ့်မည်။ မဟူရာမျိုးနွယ်ဝင်များသည်လည်း မငြိမ်မသက်ဖြစ်လာလိမ့်မည်။ 

အကြောင်းမှာ Jin Zi သည် နောက်နှစ်လကြာအောင်  ထွက်မလာသောကြောင့်ပင်။ သူက စုစုပေါင်းသုံးလကြာ ပျောက်ဆုံးနေချိန်တွင်၊ Gu Beiyue မှာ ဆေးဘက်ဆိုင်ရာအဖွဲ့များ၏ အကူအညီဖြင့် မြောက်ပိုင်းလီတွင် ပုလိပ်ရောဂါကို အပြီးသတ်ထိန်းချုပ်နိုင်ခဲ့သည်။ တောင်ဘက်သို့ ကူးစက်မှုမရှိပဲ မြောက်ပိုင်းလီ၏ ဘေးဒဏ်ခံမြို့များမှာ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိလာသည်။  သားကောင် တစ်ဒါဇင် သို့မဟုတ် ထိုမျှလောက်သာ ကျန်ခဲ့ပြီး သီးခြားနေရာတစ်ခုတွင် စုဝေးထားသောကြောင့် Gu Beiyue နှင့် Mu Linger တို့မှာ ထိုသူများအား အခြားသမားတော်အနည်းငယ်နှင့် ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုလာနိုင်သည်။

အခြားသော ဆေးအဖွဲ့များမှာ ပုလိပ်ရောဂါ၏ နောက်ဆုံးခြေရာများကို ရှင်းလင်းရန်နှင့် ဆေးဝါးဖြန့်ကျက်ရန် သီးခြားစီ ဆက်လက်လုပ်ဆောင် နေခဲ့သည်။Ning Cheng မှာ သူ၏တပ်များဖြင့် စပါးဖြန့်ဝေရန် ဦးဆောင်ခဲ့သည်။ နွေဦးရာသီနှင့် နွေရာသီကြားကာလသည် မြက်ပင်များ ပေါက်လာရန် အဓိကအချိန်ဖြစ်သည်။ နွေဦးရာသီတွင် ထိုသို့သော တုန်လှုပ်မှုကို ခံစားခဲ့ရပြီးနောက် မြောက်ပိုင်းလီတွင် ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်ပွားခဲ့သည်။ ယခင်ခွန်အားများ ပြန်မရခင် ၂နှစ် ၃နှစ်လောက် အချိန်ယူရနိုင်ကြောင်း လူတိုင်းမှ ပြောနေကြသည်။ 

တိုင်းပြည်၏ နွားကျောင်းသားများမှာ သန်မာပြီး ရိုးသားကြသည်။ သူတို့က ရန်ငြိုးနှင့် ကြင်နာမှုကို ညီတူညီမျှ ပေးဆပ်သူများ ဖြစ်သောကြောင့် နင်မျိုးနွယ် တပ်များကို သူတို့၏ ကယ်တင်ရေးကြယ်ပွင့်အဖြစ် မြင်ကြပြီး စစ်သည်များအပေါ် အလွန်လေးစားကြသည်။ Ning Cheng အတွက်မူ သူက မြက်ခင်းပြင်၏ ကျေးဇူးရှင် ဖြစ်လာခဲ့သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now