အခန်း(၁၀၇၄)

210 21 2
                                    

အခန်း(၁၀၇၄)

မင်းက ဘယ်လောက်များ ကောင်းနေလို့လဲ။






Mu Linger က ချီကိုကို ကို တပြီး ငိုနေရအောင် ဘာတွေ  အိပ်မက်မက်နေတာလဲ။

သူမ ချီကိုကို ကို ဘာလို့အပ်တာလဲ။ သူမကို ကယ်ဖို့လား။ 

မန်နေဂျာ Jin မှာ သူမကို နှိုးရန် ပြင်လိုက်သော်လည်း ချီကိုကိုဟု ယောင်ယမ်းနေလျှင်  ရပ်တန့်သွားတော့သည်။ယင်းအစား၊ သူက ချီကိုကို အား တမ်းတရင်း မျက်ရည်များပြည့်နေသော သူမ၏ ပေပွနေသည့် မျက်နှာကို ကြည့်ရင်း ငြိမ်သက်စွာ ထိုင်စောင့်နေသည်။

Gu Qishao က ဘာများကောင်းလို့လဲ။

မန်နေဂျာ Jin  မှာ ရုတ်တရက် ပြောလိုက်သည်။ သူက "Mu Linger.. ကိုယ် မင်းကို ဆောင်းကျီးပြည်ကို  ခေါ်သွားရင် ဘယ်လိုလဲ။"

သူက ပြောလိုက်သည်။ "Mu Linger ကိစ္စအားလုံးကိုမေ့လိုက်တော့လေ။ ကိုယ်တို့နာမည်ပြောင်းပြီး ဆောင်းကျီးပြည် မှာ သိုးနဲ့မြင်းတွေကို ထိန်းကျောင်းရင်း ဘဝအသစ်တစ်ခုစကြရအောင်။"

သူက ပြောလိုက်သည်။ "Mu Linger မင်းက ဘာများ ကောင်းလို့လဲ။"

ဤကြိုးစားမှုအားလုံး ပြီးနောက် သူက အသက်ဆုံးရှုံးလုနီးပါးပင်။ သူ၏မူလအစီအစဉ်မှာ ဆောင်းကျီးပြည်သို့ ပြန်သွားနိုင်ရန် သူမအား အာမခံစာချုပ်အတွက် အလဲအလှယ်အဖြစ် Han  Yunxi ထံ ခေါ်ဆောင်သွားရန်ပင်။ သို့ရာတွင် သူ၏ ဆိုးရွားလှသော အသိစိတ်မှာ အာမခံစာချုပ်ကို စွန့်လွှတ်၍ သူမအား ယခု သူနှင့်အတူ ခေါ်ဆောင်သွားချင်သည်။

Mu Linger မှာ သူမ၏ အိပ်မက်ထဲတွင် နက်ရှိုင်းစွာ နစ်မြှုပ်နေပြီး သနားစရာကောင်းလောက်အောင် ငိုကြွေးနေခဲ့သော်လည်း Tang Tang လေးကို ဆုပ်ကိုင်ထားနိုင်ခြင်းမှ ပြေလျော့သွားခြင်း မရှိခဲ့ပေ။သူမက ကလေးမိခင်မဟုတ်သော်လည်း ကလေးအား ကာကွယ်ရန်မှာ ပင်ကိုယ်သိစိတ်ပင်။ အိပ်မက်ထဲတွင်ပင် သူမလေးကို လွှတ်မပေးခဲ့ချေ။ နောက်ဆုံးတွင် အိပ်ပျော်နေသော ကလေးမှာ လန့်ဖျပ်သွားပြီး ပထမတွင် ရှိုက်သံများ ပေးလာကာ၊ နောက်တွင် ကျယ်လောင်စွာ ငိုယိုလိုက်လေသည်။ Mu Linger မှာ အလန့်တကြားဖြင့် နိုးလာပြီး ကလေးငယ်အား လွတ်ကျလုနီးပါးဖြစ်သွားသော်လည်း အချိန်မီ သတိဝင်လာကာ  တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်နိုင်သည်။  မန်နေဂျာ Jin မှာ နိုးနေပြီး အနီးနားရှိ ထိုင်ခုံမှ သူမထံ စိုက်ကြည့်နေသည်ကိုပင်  သတိမထားမိလိုက်ပေ။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now