အခန်း(၁၀၇၀)

187 24 2
                                    

အခန်း(၁၀၇၀)

ဟန်ယွင်ရှီးက ဘယ်သူ့ကို ဆရာအဖြစ် ယူမှာမလဲ။







Han Yunxi မှာ ရွှမ်နူဓါးသိုင်း ကို လေ့လာရန် စိတ်ပိုင်းဖြတ်ထားသောကြောင့် Long Feiye ၏ ပုံမှန်မဟုတ်သော တုံ့ပြန်မှုကို သတိမထားမိခဲ့ပေ။ ထိုအစား၊ ဆရာကြီး Jianxin မှာ တပည့်ဖြစ်သူထံ စေ့စေ့ ကြည့်လိုက်သည်။ Han Yunxi မှာ သူ၏ အကြည့်နောက်သို့ လိုက်သွားသော်လည်း ယခုအချိန်တွင် Long Feiye ၏ မျက်နှာမှာ ပုံမှန်အားဖြင့် အေးခဲနေသော မျက်နှာဖုံးကို ပြန်လည် ဝတ်ဆင်ထားပြီဖြစ်သည်။

ဆရာကြီး Jianxin မှာ အတော်လေး အားကိုးရာမဲ့ ပုံပေါက်နေသော်လည်း မသိနားမလည်သော Han Yunxi မှာ ၎င်းသည် သူမထံ လက်စွဲစာအုပ်ကို ပေးမည်မဟုတ်ဟုသာ တွေးလိုက်မိသည်။ သူမ စဉ်းစားပြီး ထပ်ပြောလိုက်သည်။ “စီနီယာ Jianxin၊ စီနီယာ Luo က ရွှမ်နူဓါးသိုင်း ကို သေတ္တာအောက်ခြေက စက္ကူအမှိုက် ဖြစ်သွားစေချင်မှာ မဟုတ်တာ သေချာပါတယ်။”

ဆရာကြီး Jianxin မှ ပြောလိုက်သည်။ “ကောင်မလေး တကယ်လို့ မင်းက ဆရာ လက်ခံရင် မင်းအပိုင်းကို ကြည့်ရမယ်။ ဒီအဘိုးကြီးက မင်းရဲ့ ဟိုစီနီယာ ဒီစီနီယာ ပြောတဲ့အသံကို သဘောမကျဘူး.. ဟီးဟီး။"

ကမ္ဘာပေါ်မှာ လူဘယ်နှစ်ယောက်က သူ၏ ဂိုဏ်း တပည့်ဖြစ်ချင်နေသည်လဲ။ သူက ကိုယ်ခံပညာမရှိ တော့သော်လည်း၊ ကောင်းကင်ယံတောင် ၏ များပြားလှသည့် လျှို့ဝှက်ဓားသိုင်းစာအုပ်များကို ပိုင်ဆိုင်ထားသည်။ ၎င်းတို့ကို ပြင်ပလူများထံ လက်ဆင့်ကမ်းပေးခြင်း မရှိပေ။ ထိုပုပ်ပွနေသည့် ကောင်မလေးမှာ ဖေးယဲ့၏ ကြင်ယာတော်ဖြစ်၍ သူ့ကို ဆရာဟု ခေါ်သင့်သည်။ အကယ်၍ သူမ မခေါ်ခဲ့လျှင်တောင် အဆင်ပြေသည်။ သို့သော် ယခု ကိုယ့်ကိုယ်ကိုယ် အသိစိတ်မရှိဘဲ ဓားသိုင်း တောင်းနေသည်လား။

သူက သူတို့၏ အနာဂတ်ကလေးများကို ကိုယ်ခံပညာ၏ အခြေခံများကို ကိုယ်တိုင်ကိုယ်ကျ သင်ကြားပေးရန်ပင် စိတ်ကူးထားသည်။ အကယ်၍ ယခုတွင် သူမ၏ မောက်မာမှုကို ဖိနှိပ်ထားနိုင်ခြင်းမရှိလျှင် အနာဂတ်တွင် သူမ၏ သားသမီးများကို ဘယ်လို သင်ကြားရမည်လဲ ။ ဆရာကြီး Jianxin မှာ Han Yunxi မှ အရှုံးပေးကာ ဆရာဟု ခေါ်မည်အား မုတ်ဆိတ်မွေးကို ပွတ်သပ်ရင်း စောင့်ဆိုင်းနေသော်လည်း သူမက ပြောလိုက်သည်။“ စီနီယာ Jianxin ၊ ရှင်က စီနီယာ Luo ကို ရွှမ်နူဓါးသိုင်း ပေးခဲ့တယ်။ ဒါကြောင့် အဲ့တာက သူမရဲ့ပိုင်ဆိုင်မှု မဟုတ်လား။ တကယ်လို့ တစ်ခုခုဆိုရင် ယွင်ရှီးက သူမကိုပဲ ဆရာအဖြစ် ယူသင့်တယ် မဟုတ်လား။”

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now