အခန်း(၁၀၁၂)

196 25 6
                                    

အခန်း(၁၀၁၂)

အဲ့တာက ဘာလို့ ဒီအဘိုးကြီးနဲ့ ဘာဆိုင်ရမှာလဲ။







Long Feiye မှာ မီးတင်ရှို့ရန် အမိန့်ပေးပြီးနောက် Han Yunxi  ၏အဖွဲ့တွင် မကောင်းသော ရည်ရွယ်ချက် များရှိနေကြောင်း ဆေးဘုရင်မှ သဘောပေါက်သွားတော့သည်။ ဆေးမီးဖိုမှာ ဆေးတဲ၏ အစိတ်အပိုင်းဖြစ်သော်လည်း သူနှင့် ဆေးမီးဖိုသခင်မှာ  တွေ့ခဲသည် သို့မဟုတ် အချင်းချင်း ဆက်ဆံခဲသည် ။ Han Yunxi ၏အဖွဲ့မှာ သူ့အတွက် မရည်ရွယ်သရွေ့ ဆေးဘုရင်မှာ ရပ်ကာ ပွဲကြည့်ရန် ဆန္ဒရှိနေလေသည်။ 

Long Feiye မှ အမိန့်ထုတ်လိုက်သည်နှင့် အရိပ်အစောင့်များမှာ လှုပ်ရှားလာကြသည်။ ဆေးမီးဖိုသခင်နှင့် တွေ့ဆုံရန် ဆေးတောင်းဆိုမှုဂူထဲသို့ ဝင်ရန် မလွယ်ကူသောကြောင့် သူတို့က ပြင်ဆင်လာခဲ့ကြသည်။ သူတို့က နောက်ဆုံးအကြိမ်တွင် စမ်းသပ်မှု သုံးခုအား ဖြတ်ကျော်ခဲ့ကြသော်လည်း ပြန်လည်ဝင်ရောက်လာသောချိန်တွင် အတားအဆီး သုံးခုအား ရင်ဆိုင်ရနိုင်ဆဲဖြစ်ပြီး အများစုမှာ မတူညီသော စိန်ခေါ်မှုများဖြင့် ကြုံတွေ့ရနိုင်သည်။ ထို့ကြောင့် ဆေးမီးဖိုသခင် နှင့် တွေ့ဆုံရန် အကောင်းဆုံးနည်းလမ်းမှာ ၁) သူတို့၏ အထောက်အထားများ ထုတ်ဖော်ပြီး ထိုလူမှ ဝင်ခွင့်ပေးစေခြင်း သို့မဟုတ် ၂) ထိုသူမှ ကိုယ်တိုင် ထွက်လာရန် ဖိအားပေးခြင်းပင်။

ပထမတစ်ခုမှ ဆေးမီးဖိုးသခင် နှင့် သူတို့က တွေ့ဆုံခဲ့ပြီး ဒုတိယမှာ ဆေးမီးဖိုးသခင်မှ သူတို့ နှင့် တွေ့ဆုံရန် ဖြစ်သည်။ သို့တိုင် သူတို့က ဤတစ်ကြိမ်တွင် ဆေးတောင်းဆိုရန် လာရောက်ခြင်းမဟုတ်ပဲ အကြွေး တောင်းရန်ပင်။ ထို့ကြောင့် အဘိုးအိုမှ သူတို့နှင် တွေ့ဆုံရမည်။ မည်မျှပင် အတားအဆီးများ စောင့်ဆိုင်းနေပါစေ ဆေးဝါးတောင်းဆိုမှု လှိုဏ်ဂူအဝင်ဝတွင် မီးမွှေးပြီး မီးခိုးများ ပြည့်နေစေသရွေ့ အတွင်းတွင် နေထိုင်သူများအား ထွက်လာရန် ဖိအားပေးခံလိုက်ရမည်။ မကြာမီ အရိပ်အစောင့်များမှာ ထင်းများဖြင့် ဝင်ပေါက်အား ပိတ်ဆို့လိုက်ပြီး Long Feiye မှာ  ကိုယ်တိုင်ကိုယ်ကျ မီးညှိပေးလိုက်သည်။ မကြာမီပင် ကောင်းကင်ယံသို့ တိုးထွက်နေသော မီးခိုးနက်ကြီးတစ်ခု ထွက်ပေါ်လာသည်။ 

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now