အခန်း(၁၁၉၃)

196 24 0
                                    

အခန်း(၁၁၉၃)

သူ၏ ကျောရိုး။






ပါဝင်ပစ္စည်းများကို မည်သို့ဖျက်ဆီးနိုင်မည်လဲ။

ဥပမာအားဖြင့်၊ သက်တမ်းကြာမြင့်စွာ မှိုတက်နေသည်များကို မပို့ဆောင်မီ နေရောင်ခံကာ ဆေးကြောနိုင်သည်။ အနှစ်သာရကို ထုတ်ယူပြီးသားများကို အခြောက်လှန်းပြီး ပေးပို့နိုင်သည်။ ထိုအရာများသည် ဆေးပညာလောကတွင် ဖြစ်ရိုးဖြစ်စဉ်များပင်။

အချို့သော မှိုပါဝင်ပစ္စည်းများမှာ ရေဆေးပြီးလျှင် ဆက်လက်အသုံးပြုနိုင်သော်လည်း အခြားအရာများမှာ အဆိပ်ဖြစ်သွားနိုင်သည်။ တစ်ချိန်တည်းတွင်၊ အနှစ်သာရ ထုတ်ယူထားသော ပါဝင်ပစ္စည်းများမှာ ပုံမှန်ဆေးပမာဏဖြင့် အသုံးပြုသည့်အခါ ထိရောက်မှုနည်းသောကြောင့် လူနာများ၏ကုသမှုကို ထိခိုက်စေသည်။ Gu Beiyue မှာ ဘယ်သူ့ကို တာဝန်လွှဲပေးရမည်အား စိုးရိမ်နေသော်လည်း မည်သူ့မဆို အပြစ်ပြုဝံ့သည့် Mu Linger ကဲ့သို့ ရိုးရိုးရှင်းရှင်း မိန်းကလေးမှာ အကောင်းဆုံးရွေးချယ်မှုပင်။

သူမ၏ ဖုန်မှုန့်များဖြင့် ခရီးပန်းလာသည့် အခြေအနေကို မြင်လျှင် သူက ပြောလာလေသည် ။ “ ကျွန်တော်က အရင်သွားနှင့်ပါမယ်။ မနက်ဖြန်မနက်မှ မင်းက ကျွန်တော်နဲ့ ပူးပေါင်းလို့ရတယ်။"

" ကျွန်မ မပင်ပန်းပါဘူး။ သမားတော်ကု တစ်ရက် နှောင့်နှေးတာက  သီးသန့်ခွဲထားတဲ့ ခရိုင်မှာ အသက်တွေ အများကြီး ဆုံးရှုံးနိုင်တယ်။” Mu Linger မှာ လေးနက်နေသည်။

လက်ရှိတွင် ပုလိပ်ရောဂါကို အခြေခံအားဖြင့် မြောက်ပိုင်းလီတွင် ထိန်းချုပ်နိုင်ပြီပင်။ နာမကျန်း ဖြစ်နေသူများနှင့် ကျန်းမာသော နိုင်ငံသားများကို ခွဲထုတ်ရန် မြို့တိုင်းကို တစ်ဝက်ခွဲထားသည်။ လူနာများကို ကယ်ဆယ်ရန် ဒေသ အသီးသီးသို့ ဆေးအဖွဲ့များ စေလွှတ်ခဲ့သည်။ Ning Cheng ၏ စစ်သည်များမှာ ရောဂါကူးစက်ခြင်းမှာ ကင်းဝေးစေရန် ကျန်းမာသူများအား ဆေးဝါးများ ပို့ဆောင်ရန် တာဝန်ယူထားသည်။အရာရာတိုင်းတွင် အစီအစဥ်အတိုင်း ရှိနေသော်လည်း ပြင်းထန်စွာ နာမကျန်းဖြစ်နေသော လူနာများစွာမှာ နေ့စဉ်သေဆုံးနေကြဆဲပဲ။ သူတို့၏ ရုပ်အလောင်းများကို ကြိုတင်ကာကွယ်မှုအဖြစ် မီးသဂြိုလ်ခဲ့ရသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now