2 (until I found u)🎶

126 7 0
                                    

Unicode

သက်တန့်တို့ကန်းတင်းကို ရောက်တော့ သက်တန့်အကို ၀မ်းကွဲ တည့်တံ့ နိုင် နှင့်တမ်းတွေ့လေ သည်။ သက်တန့် က ဒီနေ့အဖို့ ကိုတည်တံ့နိုင်ဆီက ဂုန်းဆင်းဖို့စဉ်းစား ထား ခြင်း။ ကန်းတင်းမှာ မတွေ့လဲ ဖုန်းဆက်ခေါ်မည်ဟု တွေးထားပြီး သား။ ဒါပေမယ့် အခုလိုတွေ့တော့ ဖုန်းတောင် ဆက်ခေါ်စရာ မလိုတော့ဘူး သက်တန့်ပိုင်တို့များ မုတ်ဆိတ်ပျားစွဲတာပေါ့။ သက်တန့်ကို တွေ့တော့ ကိုတည်တံ့က လက်ပြကာ သူ့ဝိုငိးကို လှမ်းခေါ်သည်။ သက်တန့်လဲ သူငယ်ချင်း သုံးယောက်ကို လက်ဆွဲပြီး ကိုတည်တံ့တို့ ဝိုင်းကို ၀မ်းသာအားရနှင့်အပြေးလှမ်းလာခဲ့သည်။ ထိုစဉ်

"အွတ် အာ့"

သက်တန့်ပိုင် ခလုတ်တိုက်လဲခြင်းပင်။ ငတ်ကြီး ကျချင်ဇောနဲ့ ပြေးတာ ခုံစောင်းနဲ့ တိုက်မိပြီး လဲခြင်း၊ ချစ်လှစွာသော သူငယ်ချင်းတွေကလဲ မိမိအား အရင် မထူဘဲ အားရပါးရ အော်ရယ်ကြလေသည်၊ ကိုတည်တံ့ကလဲ ဗိုက်နှိပ်ပြီး ရယ်နေလေသည်။ ကန်တင်းရှိလူများ အားလုံးကလဲ သက်တန့်ကိုကြည့်ပြီးပြုံးစိစိ။ သက်တန့်လဲ အကုန်လုံးကိုမျကိစောင်းထိုးကာဘယ်သူ့မှ အားမကိုးဘဲ ကုန်းရုန်းထလိုက်စဉ်

"ဟိုက် ငါ့ရဲ့နတ်သားလေး"

ကိုတည်တံ့တို့ဝိုင်းကိုကိုယ့်အာရုံနဲ့ကို ပြေးလာ‌တာမို့ နတ်သားလေး က ကိုတည်တံ့နဲ့မျကိနှာချင်းဆိုင်၊ တနည်းအားဖြင့် မိမိလာတဲ့ ဘက်က်ုကျောပေးထိုင်နေတာကိုမမြင်မိခြင်း။

သက်တန့်လဲ စိတ်ထဲကနေ နမော်နမဲ့နိုင်တဲ့ ကိုယ့်ကိုကို ကျိန်ဆဲကာ နတ်သားလေးအား အရှက်ပြေသွားဖြဲပြလိုက်လေသည်။

သက်တန့်ကခပ်တည်တည်နဲ့ ကို တည်တံ့ဘေး၀င်ထိုင် လိုက်တော့ ဟို သေနာကျ သုံးယောက်ကလဲ ဝိုင်းတွင် ဝိုင်ထိုင်လိုက်လေသည်။ ဒါတောင် ပြုံးစိစိ နဲ့ တဟိဟိ ဖြစ်နေတဲ့ သုခ ညီညီ နဲ့ ရှင်းသန့်ရဲ့ ပါးစပ်ထဲကို ရှေ့က ပေါင်မုန့်တစ်လုံးစီထိုးထည့်လိုကိမှ ငြိမ်သွားကြသည်။ သက်တန့်ကပဲ စ၍

" အဟမ်း.. ကိုတည်တံ့ ဒါ ကျွန်တော့် သူငယ်ချင်းတွေ ဒါက ပိုးပိုး၊ ဒါက ရှင်းသန့်၊ ဒါက သုခ ညီညီ"

All My Love Is 4uWhere stories live. Discover now