4(for u)🍼

102 5 0
                                    

Unicode

"ညီလေး ရှင်းသန့် အကို့ကို ပြောစရာရှိတယ်ဆို"

ရှင်းသန့်မှူးနှင့် ကိုတည်တံ့နိုင်တို့ ကျောင်း ပြင်ပရှိ ကော်ဖီဆိုင်တစ်ဆိုင်ကို ရောက်နေခြင်းပင်။ သက်တန့်ပိုင်ဆိုတဲ့ကောင် သူဖွန်ကြောင်တာ ပေါ်မှာဆိုး၍ ရှင်းသန့်မှာ နေရင်းထိုင်ရင်း ဂျောက်(ချောက်) တွန်း ခံရခြင်း။ "တွေ့မှ နားရင်း အုပ်ပစ်မယ်"ဟု စိတ်ထဲ ကြိမ်းထား လိုက်သည်။ ထိုစဉ် ကိုတည်တံ့ကဆက်၍

"ညီ.."

"ဗျာ.. ‌ဗျာ"

"ညီ အကိုတို့ဒီတိုင်း ပဲ ထိုင်နေတော့မှာလား အကို့မှာ နောက်ထပ်အတန်းချိန် ရှိသေးတယ်"

"ဗျာ ဟုတ်"

" အကို့ကို ပြော စရာ ရှိတာ အားမနာဘဲပြောပါ ညီ ဘာပြောချင်တာလဲ"

ရှင်းသန့်သည်စားပွဲပေါ်မှာ တင်ထားတဲ့ ကော်ဖီကို တစ်ကျိုက်မော့လိုက်ပြီး ဆိုလိုက်သည်မှာ

" ကျွန်တော့ကို ပိုက်ဆံ နှစ်သောင်း လောက်ချေး ပါအကို" တဲ့လေ။

သက်တန့်၊ ပိုးပိုးနဲ့ သုခတို့မှာ ရှင်းသန့်ပြောပြတဲ့ ကိုတည်တံ့နှင့်အကြောင်းကို‌ကြားလိုက်ရ၍ ခွက်ထိုးခွက်လန် ရယ်နေကြခြင်း။

"ဟားဟား မင်းကွာ ပြောစရာရှားလို့ ပိုက်ဆံသွားချေးရတယ်လို့"
သုခက ရယ်ရင်းပြော၏။

ပိုးပိုး ကတော့အရယ်မရပ်သေး။ စကားတောင်မပြောနိုင်သေးပေ။ သက်တန့်ကတော့ ကိုယ့်အပစ်နဲ့ကိုမို့ ပေါ်တင် မရယ်နိုင်၊ ရယ်ချင်စိတ်ကို ထိန်းချုပ်ကာ မိမိအား နဂါးမျက်‌ေစာင်းများနှင့်ကြည့်နေသည့် ရှင်းသန့်အား မျက်နှာချို သွေး၍ သွားဖြဲပြလိုက်လေသည်။

သုခကဆက်မေး၏

"အဲ့တော့ မင်း ကို ကိုတည်တံ့က ပိုက်ဆံချေးလိုက်လား"
ရှင်းသန့်ကသုန်မှုန်နေသော မျက်နှာဖြင့်

"ချေးပေးလိုက်တယ်ဟေ့ ရော့ အဲ့မှာ "

ဟုဆိုကာ အိတ်ကပ်ထဲ ကပိုကိဆံတစိသောင်းတန် နှစ်ရွက်ကို ထုတ်ပြလိုက်လေသည်။

သက်တန့်က၀င်၍
"တွေ့လား ငါ့အကို ကသဘောကောင်းပါတယ်ဆို "

"သဘောကောင်းမကောင်းတော့ငါ မသိဘူး၊ ငါကို ငမွဲလို့ထင်သွားမှာတော့အသေအချာပဲ"

All My Love Is 4uWhere stories live. Discover now