18 (idea of tt 🤪)

101 5 0
                                    

သက်တန့်၏ ကားလေး သည် လုံးချင်းအိမ်များသာ ရှိသည့် လူကုံထံ ရပ်ကွက် အတွင်းရှိ အပြာရောင် သုံးထပ်တိုက်  အိမ် လေး၏ ခြံ၀န်းထဲသို့ ၀င်လာလိုက်သည်။

မိမိ၏ ကားလေး ၀င်လာတာကို မြင်သည်နှင့် ၁၄ နှစ်သားအရွယ်  ခြံစောင့်ကောင်လေး ဖိုးသား က ခြံတံခါး ကို  ၀မ်းသာ အားရ ဆွဲဖွင့်ပေးရင်း-

"ဟာ ကိုသက်တန့်ငယ် လာလည်တာလား
မလာတာတောင် ကြာပေါ့ဗျာ"

"အေး ဟုတ်ပါ့ကွာ ကိုကြီး အလုပ်တွေရှုပ်နေတာ
မင်းအတွက်  မုန့်တွေ ၀ယ်လာခဲ့တယ် ရော့ ယူလိုက်"

သက်တန့်လဲ ကားပေါ်က ဝယ်လာသည့်  မုန့်တချို့အား ဖိုးသား ထံ လှမ်းပေးလိုက်သည်။

"ဟာ ကျေးဇူး ပါဗျာ...

ကြီးနုရေ ဒီမှာ ကိုသက်တန့်ငယ် လာတယ်ဗျို့"

ဖိုးသား သည်မိမိ ပေးသည့်မုန့်ထုတ်များ
အား အိမ်ထဲသို့ ယူသွားရင်း ကြီးနု အား လှမ်းခေါ်လိုက်လေသည်။

ဖိုးသားဆိုသည်မှာ တခြားသူမဟုတ် သက်တန့်တို့ ငယ်ငယ်လေးထဲက သက်တန့်တို့ လက်ပေါ်ကြီးလာသည့် ကလေးဖြစ်သည်။

ဖိုးသားရဲ့ အမေ ဒေါ်လေးတင် က ကြီးနုရဲ့
အယုံကြည် ရဆုံး အိမ်ထိန်း၊
ဒေါ်လေး တင်က အစစအရာရာ ယုံကြည်
အားကိုး ရသဖြင့် ကြီးနု ၏ နေရာ ပေးခြင်း ကို ခံထား ရသူ တစ်ဦးလဲ ဖြစ်သည်။

သို့သော်လဲ စိတ်မကောင်းစွာဖြင့်
ဒေါ်လေး တင်က ဖိုးသားလေး ၅ နှစ်သားလောက်မှာပင် အမျိုးသမီးရောဂါဖြင့် ဆုံးပါးသွားခဲ့သည်။

ထို့ကြောင့် ကြီးနုတို့မှာ အဖေလဲ မရှိတော့သည့်
ဖိုးသားလေး အား
ကိုယ့်တူ ကိုယ့်သား အရင်းလို စောင့်ရှောက်ထားပေးခြင်း။

အတွေးများနေသည့် သက်တန့် အား ဖိုးသား က
ရေတခွက် လာချပေးရင်း-

"ကိုကြီး သက်တန့်ငယ် ကျွန်တော်
နောက်ဖေးမှာ လုပ်စရာရှိသေးလို့ ‌ဗျ
ပြန်မယ်ဆိုလှမ်းခေါ်လိုက် ကျွန်တော် တံခါး လာဖွင့်ပေးမယ် "

"အေးပါကွာ သွားသွား"

ထိုစဉ်-

"ဟယ် သားငယ် ကြီးကြီးတို့အိမ်လာလည်တာလား"

All My Love Is 4uWhere stories live. Discover now