9(first kiss of T&S)💋

101 7 0
                                    

"ကိုတည် ရှေ့နားဆိုရပြီ"

"အာ ဟုတ်ပြီ"

ရှင်းသန့် တစ်ယောက် သူငယ်ချင်း‌ေကာင်း သုံးယောက် အရောက်ပို့သဖြင့် ကိုတည်တံ့ကားပေါ် ပါလာရခြင်းဖြစ်သည်။ မိမိ ကိုတည်တံ့နှင့် တွေ့လျှင် ထိန်းမနိုင်သိမ်း မရ ရင်ခုန်တတ်တာကို သိတဲ့ ထိုသုံးယောက်က မိမိအား အကွက်စင်ကာ ကိုတည်တံ့နောက် ထည့်လိုက်တာ သိသဖြင့် စ်ိတ်ထဲမှသာ မေတ္တာ ပို့မိနေသည်။

"ကိုတည် လိုက်ပို့ပေးလို့ကျေးဇူးပါနော်"

"ရပါတယ်ဗျာ"

"အဲ့ဆို ကျွန်တော်သွားတော့မယ်"

ရှင်းသန့်မှူး ကားပေါ်ကဆင်းမည်အပြုတွင် မိမိ လက်ကောက်၀တ်အား ဆွဲလာသဖြင့်

"ကိုတည်"

ထို့နောက် မိမိ နှုတ်ခမ်းပေါ်သို့ကျရောက်လာသော ထူထူနွေးနွေးနှုတ်ခမ်းတစ်စုံ။ ရုတ်တရက်ဆန်လွန်းလှသောကြောင့် ရှင်းသန့်ရင်ဘတ်တစ်ခုလုံး စုန်ချည်ဆန်ချည် ဖြစ်နေရသည်။ ဒါပေမယ့် ရှင်းသန့်မရုန်းမိ၊ ရှင်းသန့် ကိုယ်တိုင်ကိုက ဒီအနမ်းကို တောင့်တနေခဲ့တာဖြစ်မယ်။

‌မိမိ စိတ်တွေကို မိမိ ထိန်းမရတဲ့အဆုံး မိမိရှေ့က လူပိစိအား ရုတ်တရက် ဆွဲယူနမ်း ရှိုက် မိသည်။ အစက နူးနူးညံ့ညံ့သာ နမ်းမယ်ဟု စိတ်ကူးထားသော်လဲ ဆွဲဆောင်မှု ရှ်ိလှတဲ့ နှုတ်ခမ်း နီနီပါးပါးလေးကို လက်တွေ့မှာတော့ အငမ်းမရ စုပ်ယူနမ်းရှိုက်နေမိသည်။ နှုတ်ခမ်းသားနှစ်စုံဟာ အပေါ်တစ်လှည့် အောက်တစ်လှည့် လုံးထွေးနေကြရင်းပူးပေါင်း ချိတ်ဆက်နေမိသည်မှာ မိနစ်အနည်းငယ် ကြာသည်အထိ။

တစ်မိနစ်၊ နှစ်မိနစ်၊ သုံးမိနစ်...

ရှင်းသန့်ဆီမှ မောဟိုက် သံမျှင်းမျှင်းလေးထွက်လာသဖြင့် တည်တံ့ မိမိ‌‌ေရှ့ကနှုတ်ခမ်းပါးတစ်စုံ ကို မလွှတ်ချင်လွှတ်ချင်ဖြင့် လွှတ်ပေးလိုက်ရသည်။

"ညီ"

မိမိအားမျက်နှာလွှဲ သွားသော ရှင်းသန့်အား ကြည့်ကာ တည်တံ့စိတ်ပူ လာရသည်။

"ညီ အကို့ကို ကြည့်ပါအုံး"

ကောင်လေးကမူမျက်နှာလွှဲထားဆဲ

All My Love Is 4uWhere stories live. Discover now