13 (can't face with u)

71 5 0
                                    

သက်တန့် ကျောင်း မသွားဖြစ်သည်မှာ တစ်ပတ်တိတိပင်ရှ်ိတော့မည်ဖြစ်သည်။    ကျောင်းသွားရမှာလဲ စိတ်မပါသလို တစ်စုံတစ်ယောက်နှင့် မျက်နှာချင်းဆိုင် ရမည်ကိုလဲ မရဲသေးတာကြောင့် အိမ်တွင်းအောင်းနေမိခြင်း။

သက်တန့် ဘ၀မှာ ဘယ့်သူ့ကိုမှ   ခုလောက်ထိစွဲစွဲလန်းလန်း မချစ်ဖူးဝာ‌ာကြောင့် ‌ရင်ထဲ တစ်နုတ်နုတ် ခံစား ရသည်မှာ စားမ၀င် အိပ်မပျော် သည်အထိ။    ကိုယ်ချစ်ရတဲ့သူ နဲ့ တခြား သူတစ်ယောက်ရဲ့ ပွေ့ဖက်နေတဲ့ မြင်ကွင်းကို မြင်ရသူတိူင်း   သက်တန့် လို ခံစား ရမှာ မလွဲပင်။

မိမိ ၀မ်းနည်းသွားတာ မြင်လိုက်ရဲ့သားနဲ့ တစ်ချက် ဖုန်း မဆက်၊ တစ်ချက် စာမပို့တဲ့ သူ့အကြောင်း တွေးမိပြီး လွမ်းရပြန်တော့ ပိုပြီး ၀မ်းနည်းရသည်။      ကိုယ်ကသာ ချစ်နေလွမ်းနေရတာ တစ်ဖက်သူက မိမိအား စိတ်၀င်စားခြင်း တစ်စိုးတစ်စိမျှ မရှိတာကြောင့်  သက်တန့် အခြေအနေတွေ အားလုံးကိုရပ်ပစ်ဖို့ ဆုံးဖြတ်ချက်ချမိသည်။

တစ်သက်လုံးလဲ အိမ်တွင်းအောင်းနေ၍ မဖြစ်တာကြောင့်   မနက်ဖြန်ကစ ပြီး ကျောင်းပြန် တက်ဖို့ရာ သက်တန့်ဆုံး ဖြတ်ပါသည်။ တစ်စုံတစ်ယောက်ကိုလဲ‌ေမ့နိုင်‌ေအာင် ကြိုးစားရင်းပေါ့..

သက်တန့်ကျောင်း ပြန်တက်ခြင်းကို အပျော်ဆုံးသူမှာတော့ ရှင်းသန့်တို့သူံးယောက်ပင်ဖြစ်သည်။

ဟုတ်တယ်လေ ရှင်းသန့်တို့မှာ တစ်ပတ်လုံးလုံး ပျင်းတိပျင်းရွဲ့နဲ့ ကျောင်းတက်နေခဲ့တာ ။

အဖွဲ့ ထဲမှာ   သက်တန့်က ဟာသ အပြောဆုံးသူ ဖြစ်သဖြင့် သက်တန့်မရှ်ိတော့  ရှင်းသန့်တို့မှာ ခြောက်ကပ်ကပ်၊ စကား အပေါဆုံး ပိုးပိုးမပင် စကားနည်းသွား သလို၊  သုခတစ်ယောက်လဲ ပိုးပိုး နှင့်ပင် ရန်သိပ်မဖြစ်တော့ပဲ ငြိမ်ကျသွာားလိုက်တာဆိုတာ။

ခုမှပဲ ‌ရှင်းသန့်တို့အဖွဲ့က စိုစိုပြေပြေ ဖြစ်လာတော့တယ်။

"ကဲ သက်တန့် ပထမဆုံးကျောင်းပြန် တက်တဲ့ အထိန်းအမှတ်အနေနဲ့ သဘော မနောကောင်းတဲ့ မင်းတို့ရဲ့ ချစ်သူငယ်ချင်း လေး  ငါ သုခညီညီ က ကန်တင်းမှာ မုန့်၀ယ်ကျွေးမယ်ကွာ"

All My Love Is 4uWhere stories live. Discover now