12(wanna be closed to u)💌

78 5 0
                                    

၁၀:၃၀မိနစ်

သက်တန့်ပိုင်တစ်ယောက် အိမ်လဲ မပြန်ချင်သလို ကျောင်း ကိုလဲ ပြန်မသွား ချင်တာကြောင့် ခြေဦးတည့်ရာ သာ လျှောက်နေမိသည်။  တဂွမ်ဂွမ်မြည်နေသည့်      မိမိ အိတ်ကပ်ထဲက ဖုန်း ကို ထုတ်ကာ    ဖုန်းscreen ပေါ်ဍ်ပေါ်နေသည့် သူငယ်ချင်းများထံမှ missed call များကိုလျစ်လျူရှုရင်းတစ်ခါထဲ power off လုပ်လိုက်မိသည်။ 

အခုအချိန် သက်တန့် ဘယ်သူနဲ့မှ စကား ပြောချင်စိတ်မရှိပါ။ 

မပြောနိုင်ပါ ဆိုလျှင် ပိုမှန်လိမ့်မည်။ သူငယ်ချင်းများရဲ့ "အဆင်ပြေလား" ဟုမေးမည့်မေးခွန်းကိုလဲ လိမ်ညာပြီး    "အဆင်ပြေပါတယ်"    ဟု ပြန်မဖြေနိုင် တာကြောင့်လဲ ပါသည်။

ထို့ကြောင့် မိမိ ခြေထောက် နှစ်ဖက် လမ်းညွှန်ရာသို့သာ သက်တန့် သွားနေမိပါသည်။

**********

၉:၃၀မိနစ်

ပိုးပိုး နှင့်ရှင်းသန့်မှာ အတန်း ချိန် စပြီးနေတာတောင် ပြန်မလာကြသေးသည့် သုခနှင့် သက်တန့် တို့ကိုစိတ်ပူလာရသည်။
ခဏအကြာမှ သု ခတစ်ယောက် အမောတကောနှင့် မိမိတို့ဆီသိူ့ပြေး လာခြင်း။အတန်းထဲတွင် lecturer ရှိနေသဖြင့် အခြေ‌အနေအလုံးစုံး ကိုပြောပြဖို့ရာ မသင့်တော်တာကြောင့် သုခကပဲ lecturer ထံ ခွင့်တောင်းကာ ပိုးပိုးနှင့် ရှင်းသန့်ကို အတန်း အပြင်သို့ခေါ်လာခဲ့ရသည်။

အကြောင်းအရာ အလုံးစုံကို ကြားသိပြီးတဲ့နောက် ပိုးပိုး က သုခခေါင်းကို ထုလေသည်။

"အဲ့တာနင့်ကြောင့်ဖြစ်ရတာ သုခအစုတ်ပလုတ်ရဲ့၊ ဖုန်းများ ကိုယ့်ဘာကို သွား ယူလဲရနေတာကို"

သုခမှာ မိမိအပစ် မကင်း သဖြင့် ပိုးပိုး အား ပြန်မတုပ နိုင်ပေ။ ပုံမှန်ဆိုလျှင်တော့ သုခညီညီတဲ့ တစ်ညီပဲရှိတယ်။ သူများ ကတစ်ချက်ဆိုရင် ကိုယ်က နှစ်ချက်တွယ်ပြီးသား။

သုခက ‌ဇက်ကလေး ပုကာ မျက်နှာငယ်လေးဖြင့်

"ငါမှ အဲ့လိုဖြစ်မယ်မှန်း မသိတာလို့ နင်တို့ကလဲ"

ရှင်းသန့်က၀င်၍

"အခုကိစ္စ က သုခနဲ့လဲ မဆိုင်ပါဘူး ပိုးပိုးရယ် အဲ့တာ ဟို လူ ရိုးရာနောင်ကြောင့်ဖြစ်ရတာ ငါတို့ သူငယ်ချင်း ကို ကြိုးရှည်ရှည်နဲ့ လှန်ထား ပြီး ဒဏ်ရာ‌ေတွပေးနေတာ"

All My Love Is 4uWhere stories live. Discover now