16 (🍜🥤)

113 7 0
                                    

သုခကိုကိုရောက်လာကတည်းက
သက်တန့်တို့ အဖွဲ့က လေးယောက်ပေါင်းလောင်းကျော်ကနေ ငါး‌ေယာာက်ပေါင်းလောင်းကျော်အဖွဲ့ ဖြစ်သွားလေပြီ။

သုခကိုကို ကလဲ ဟာသတွေပြောတတ်ကာ ဆက်ဆံရေးကောင်းမွန်တဲ့သူ ဖြစ်တာကြောင့် သက်တန့်တို့နှင့်အချိန် ခဏ အတွင်း အလွန် ရင်းနှီးသွားကြခြင်း။

အခုဆိုလျှင် သက်တန့်တို့ က
သုခ ကိုကို ကိုသုခကြီးဟု ခေါ်ကြပြီး  သုခညီညီကို သုခလေး ဟုပြောင်းခေါ်နေကြရသည်။

မဟုတ်လျှင် သုခ ရေ လို့ ခေါ်လိုက်ရုံဖြင့် နှစ်ယောက်လုံး က လှည့်ကြည့်နေတတ်သောကြောင့်။

သုခညီညီ က သူ့ကို သုခလေး ဟု ခေါ်တာ အလွန်သဘောကျနေပုံပင်။

တကယ်ဆိုလျှင် သုခညီညီက သုခကိုကို ထက် ၅ လကျော်ပိုကြီးသည်။
သို့သော်လည်း အရပ်အမောင်းနဲ့ ခန္ဓာကိုယ်အချိုးအစားကို ကြည့်ကာ သူ့အား သုခ လေး ဟုခေါ်ကြခြင်း။
ဒါကို ဇွတ် နု ၊ဇွတ် ငယ်ချင်တဲ့ သုခလေးက အကြိုက်ပင်။

********

"သုခလေး"

သုခကိုကို သည် ‌မိမိဘေးတွင် ခေါင်းနဲ့ စားပွဲနှင့် မတိုက်ရုံ တမယ် ငိုက်ကျနေသော သုခညီညီအား လေသံတိုးတိုးဖြင့် ခေါ်နှ်ိုးလိုက်သည်။

သို့သော်လဲ နိုးမလာသည့်အပြင် မိမိပုခုံးပေါ်သို့ ပြောင်းကာ ထပ်ငိုက်ကျပြန်သည်။

သက်တန့်ကို ကြည့်လိုက်တော့လဲ အတွေးကမ္ဘာထဲမှာ တယောက်ထဲချာချာ လည်နေပုံပင်။ ပြုံးစိစိဖြင့်။ သေချာပေါက် ကိုရိုးရာအကြောင်း တွေးနေတာပဲ ဖြစ်ရမည်။

မိမိရဲ့ ဘယ်ဘက်က ပိုးပိုး မကတော့ ငိုက်တာချင်းတူလျှင်တောင် ဆရာကျ သည်ဆိုရမည်။

ဘယ်ကရလာမှန်း မသိတဲ့ ပါဝါမျက်မှန် အထူကြီး တပ်ထားကာ ခေါင်းနှင့် ခန္ဓာကိုယ်ကို မတ်ထားသည်။ မသိလျှင်တော့ စာကိုသေချာအာရုံစိုက်နားထောင်နေပုံပင်။

ဆိုဒ်ကြီး ဂိုက်ကြီးဖမ်းကာ ခိုးငိုက်နေသည့်  ပိုးပိုးမရဲ့ မျက်မှန်ကို ဆွဲချွတ်လိုက်ချင်သော်လဲ
ပုခုံးပေါ်မှာ မှီအိပ်နေတဲ့ သုခလေး နိုးမှာဆိုး၍ မိမိမှာ လှုပ်မရ။

All My Love Is 4uWhere stories live. Discover now