15(his explaination 💙)

76 6 0
                                    

ရိုးရာတစ်ယောက် မိမိရှေ့တွင် ငြိမ်ငြိမ်လေးထိုင်ကာ အကြည့်ချင်း မဆုံအောင် ခေါင်းငိုက်စိုက်ချနေသော ကောင်လေး အား ထိုင်ကြည့်နေမိသည်မှာ မိနစ်အတော်ကြာပြီဖြစ်သည်။

မိမိဘက်က ထိုကောင်လေး အထင် လွဲနေတာ တွေကို ကိုယ်တိုင် ‌ရှင်းပြချင်လို့ ကျောင်းရှေ့က cafeကို ခေါ်ခဲ့တာ ဖြစ်သော် လဲ တကယ့်တကယ် တွင် ဘယ်ကစ ပြောရမလဲ မသိတာကြောင့် လေပူတွေသာ မှုတ်ထုတ်နေမိသည်။

ဒီတိုင်း ထိူင်နေရုံနဲ့ အထင်လွဲတာ တွေ ပြီးသွားမှာ မဟုတ်သောကြောင့် အားတင်းကာ

"သက်တန့်ပိုင်"

သူ့နာမည်ကို ခေါ်လိုက်တော့ လူပိစိ လေး က ခေါင်းမော့ကြည့်လာသည်။ ဘာစကားမှတော့ ပြောမလာခဲ့။

ရိုးရာကပဲ‌ဆက်၍

" ကိုယ်စကားတွေ အများကြီး မပြောတတ်ဘူးကွာ...

သေချာတာတစ်ခုကတော့ ဟိုနေ့က မင်းတွေ့လိုက်တဲ့ တစ်ယောက်က ကိုယ့်ရဲ့ ငယ်သူငယ်ချင်း

ကိုယ်တို့ အောင်ပန်း ကပဲ"

လူပိစိ လေးက ငြိမ် ငြိမ် လေးသာ နားထောင်နေသည်။ အင်း အဲ ပင် ပြန်မဖြေပေ။

"သူက နိုင်ငံခြားကို ပြောင်းရတော့မှာ သူ့ချစ်သူ နဲ့ သူနဲ့   ကိစ္စကို သိပြီး သူ့မိဘတွေက သူ့ကိုနိုင်ငံခြားကို ပို့ကြမှာ အဲ့တာ သူက ၀မ်းနည်းနေလို့ ကိုယ်ကနှိမ့်သိမ့်ပေးရုံ"

"ဘာလို့ ကျွန်တော့် ကို ဒါတွေ လာပြောပြနေတာလဲ"

သက်တန့်ပိုင် တစ်ယောက် မိမိကို   နတ်သားလေးက သေချာ ချော့ပြီး ရှင်းပြ‌ေနသော ကြောင့် စိတ်ဆိုးပြေချင်နေပြီ ဖြစ်သော်လဲ   စိတ်ဆိုးမပြေသေးဟန်ဆောင်ကာ ဘောက်ဆက်ဆက် လေး ပြန်မေးခွန်း ထုတ်မိသည်။

"မင်း လေး အထင်လွဲနေလို့ပေါ့ကွာ"

" အားးး သေပါပြီ လူကိုရူးအောင် လုပ်နေတာပဲ"

သက်တန့် စိတ်ထဲ မှ ရေရွတ် လိုက်မိခြင်း။

လူကအဲ့လိုလိုမှ  သူ့ဘက်ကို ၉၉.၉% လောက် ယိုင်နေပါတယ်ဆို ဒီလိုတွေ လာပြောတော့ လူက ရူးပါရူးချင်သွားသည်။

All My Love Is 4uWhere stories live. Discover now