8(your first care)🚖

79 4 0
                                    

အချိန်တွေတစ်ဖြည်းဖြည်း ကုန်ဆုံးပြီး၊ နေ့‌လတွေ ပြောင်းလဲ လာလိုက်တာ အခုဆိုလျှင် သက်တန့်တို့ ပင် first year ပြီးပြီဖြစ်သည်။ သက်တန့်မှာ ကိုရိုးရာ နောက်ကို လိုက်ရင်း၊ ဖွန်ကြောင်ရင်းနှင့်ပင် တစ်နှစ်တာ စာသင်ချိန် ဘယ်လို ကုန်ဆုံးသွားမှန်း မသိ။ time flies so fast ပဲ။

အခု သက်တန့်တို့ သူငယ်ချင်းလေးယောက်နှင့် ကိုရိုးရာ၊ ကိုတည်တံ့တို့ မှာ စံရိပ်ငြိမ် ဂမုန်းပွင့်ရှိ Jo Jo Hotpot ဆိုင် သို့‌ေရာက်နေကြခြင်းဖြစ်သည်။ ဒီနေ့က သက်တန့်တို့ first year နောက်ဆုံးရက် ဖြစ်သလို ကိုရိုးရာတို့ရဲ့ third year နောက်ဆုံးရက်လဲ ဖြစ်တာကြောင့် ကျောင်း ကအပြန် တူတူ စု၍  hot pot ၀င်စားကြခြင်း။

"ကိုရိုးရာ ထည့်စားလေ"

သက်တန့်က တို့ကနန်းဆိတ်ကန်း စားနေသော ကိုရိုးရာ ကိုကြည့်ပြီး အားမရဖြစ်လာကာ ခွာပြီးသားပုဇွန် တစ်ကောင် ကို ပန်းကန် ထဲအား ထည့်ပေးလေတော့ မိမိအား မော့ကြည့်ကာ

"အင်း။"

အကို တစ်ယောက်လုံးကိုရှေ့ ထားပြီး ကဲသဲနေတဲ့ သက်တန့်ပိုင် ကို တည်တံ့ မြင်ပျင်း ကပ်လာရသည်။

"မင်း အကို ငါတည်တံ့နိုင် တစ်ယောက်လုံးရှိသေးတယ်နော် သက်တန့်ပိုင်"

သက်တန့်လဲ သွားလေးဖြဲပြ၍

"ကိုတည်တံ့ရော စားလေ" ဆိုပြီး ဆလပ်ရွက်တစ်ရွက် ကို ပါးစပ်ထဲ ထိုး ထည့်ပေး လိုက်သောအခါ တစ်ဝိုင်းလုံးပွဲကျကုန်၏။

ရိုးရာနောင် ကတော့ နှုတ်ခမ်းပါးလေးလှုပ်ရုံမျှ သာ ပြုံး သည်။

သက်တန့်တို့ ခြောက်ယောက်လဲ  hotpot စားရင်းဖြင့် ရောက်တတ်ရာရာ စကားပြောနေကြသည်။ စကား အပေါဆုံးကတော့ ပိုးပိုးနှင့် သုခပင်။ ရှင်းသန့်မှူး ကတော့ ကိုတည်တံ့ရှိနေသဖြင့် အိ‌န္ဒြေကြီး တစ်ခွဲသားလုပ်ကာ မြုံစိမြုံစိစားနေလေသည်။

ဒါကို သိတဲ့ သုခ တို့က ရှင်းသန့်အား စချင် လာသဖြင့်

"မင်းတို့ မှတ်မိကြသေးလား gathering နေ့တုန်းက ဟာသပြဇာတ်ကြည့်ပြီး ညစ်ပေးမှူး တစ်ယောက် သေးထွက်ကျအောင် ကို ရယ်တာလေ "

All My Love Is 4uWhere stories live. Discover now