6 (confess my feelings for u)❤️

103 5 0
                                    

သက်တန့်သည် ကိုရိုးရာ ကိုပေးရန် ရည်ရွယ်ထားသည့် နို့ဗူးလေးကို လက်ထဲ မှာ ကျစ်နေအောင်ကိုင်ထားသည်။ ကိုရိုးရာကို နို့ဗူးပေးကာ စကားလေး ဘာ‌‌ေလးသွား‌ေပြာ ချင်ပါတယ်ဆိုမှ မိမိ အကို တည်တံ့နိုင် ရှိနေတာကြောင့် ဘယ်လို လုပ်ရမှန်းမသိဖြစ်နေသည်။ မျက်နှာ‌ေပြာင်တိုက်ပြီး အကို့ရှေ့မှာ သူ့သူငယ်ချင်း ကိုဖွန်ကြောင်ပြီး စကားသွားပြောလို့လဲ မဖြစ်သေး။ သက်တန့်သည် ဘယ်လိုမှ မတတ်နိုင်သည့်အဆုံး ရိုးရာရဲ့ကျောပြင် ကိုသာ ငေးကြည့်နေမိသည်။ နို့ဗူးကိုလဲ အတန်းပြီးချိန်မှ ပဲ car parking မှာ သွားပေးမယ်ဟု သာ တွေးထားလိုက်သည်။

သက်တန့်သည် ဖင်တကြွကြွဖြင့် lecture ပြီးမယ့် အချိန်ကိုသာ စောင့်နေမိသည်။ ဒါကိုသိသည့် သူငယ်ချင်းသုံးယောက်၏ နဂါးမျက်စောင်းကိုလဲ မမူနိုင်။ ‌lectureလဲ ပြီးရော သက်တန့်ပိုင်တို့ car parking ဘက်ကိုပြေးတာ တန်းလို့ သူငယ်ချင်းသုံးယောက်ကို တောင် နှူတ်ဆက်မသွားနိုင်။ ပိုးပိုးတို့သုံးယောက်လဲ

"ဒီကောင် တော်တော် လင်တရူး တာပဲ" ဟုသာ တွေးလိုက်ကြသည်။

သက်တန့်သည်အမောတကောနှင့် ရိုးရာ ၏ကားရှိရာ ဘက်သို့ ပြေးလာခဲ့သည်။ ထိုစဉ်တွေ့ပါပြီ မိမိနတ်သားလေး။သက်တန့်သည် မိမိနတ်သားလေးအား လက်ပြနှုတ်ဆက်ရန်ကြံလိုက်သော်လဲ
နတ်သားလေး‌ေဘးက အမချောချောတစ်ယောက်ကိုမြင်လိုက်ရ‌ေသာအခါ သက်တန့်၏ လက်တို့ လေထဲတွင်ရပ်တန့်သွားရ‌သည်။  သက်တန့်သည် ကား တစ်စီးနောက်ကနေကွယ်ကာ သူတို့ ကို ချောင်းကြည့်နေမိသည်။

မိမိ၏နတ်သား လေးသည် မိမိနှင့်ဆိုလျှင် "အင်း" တစ်လုံးတောင် အားနားပါးနာ ပြန်ပြောခြင်း၊ အခုတော့ သူမဟုတ်သလိုပင်ထိုကောင်မလေးနှင့် စကားပြောနေသည်မှာ တစ်ပြုံးပြုံးနှင့်ရှိလှသည်။ သက်တန့်ရဲ့ စိတ်ထဲ တွင်လဲ မနာလိုစိတ်နှင့်အတူ ၀မ်းနည်းစိတ် တို့ကြီးဆိုးသွားရသည်။ သက်တန့် သည် နတ်သားလေးအား ပေးရန်ယူလာသည့် နို့ဗူးကို နီးရာ အမှိုက်ပုံးထဲ ပစ် ထည့်ကာ ထိုနေရာမှ အမြန်ဆုံး ပြေးထွက်လာခဲ့တော့သည်။ မိမိရဲ့ နတ်သားလေးကို ခုလို တစ်ခြား တစ်ယောက်နဲ့ တွဲမြင်ရတာ မိမိကို အမော့စို့‌စေတယ်ဆိုတာ နတ်သားလေးသိရင်ကောင်းမှာပဲ။

All My Love Is 4uWhere stories live. Discover now