17 (angry baby shin)😆💗

101 7 0
                                    

"မရဘူး မရဘူး ဒီတခါတော့ လုံး၀ ကိုသည်း မခံနိုင်တော့ဘူး"

သုခလေး ၊သုခကြီး၊ ပိုးပိုး နှင့် ရှင်းသန့်တို့ လေးယောက် ကျောင်းကန်တင်း ရှိ ဂျောင်ကျကျ ဝိုင်းတွင် ထိုင် နေကြခြင်းဖြစ်သည်။

သုခလေး တစ်ယောက် ရှေ့မှာ လာချထားတဲ့ နန်းကြီးသုပ်ကို စားချင် နေပြီ ဖြစ်သော်လဲ

"သူစိတ်တို တာ မပျောက် မချင်း
တစ်ယောက်မှ ဘာတစ်ခု မှ မစား ရဘူး"

ဆိုတဲ့
ရှင်းသန့်မှူး ရဲ့ တချက် လွှတ် အမိန့်ကြောင့်
နန်းကြီးသုတ် ပန်းကန် လေးအား ရင်နာနာဖြင့်သာ မျက်နှာ လွှဲထားလိုက်ရသည်။

"‌ဒီတခါတော့ အရမ်းလွန်တယ်"

"နင်ကလဲ စိတ်ကိုလျှော့ပါအုံးဟယ်"

"ငါစိတ်လျှော့ထားတာ များနေပြီ နင်ဘာသိလို့လဲ ပိုးပိုး မရဲ့  နင်မှ ရည်းစားမရှ်ိတာ ဒီလိုမျိုး ဘယ်စိတ်တိုဖူးမလဲ"

ပိုးပိုး တစ်ယောက်ခါတိုင်းလဲ ဆိုလျှင် ညစ်ပေမှူး ကောင် ရဲ့ ခေါင်း ကိုတချက်လောက် ပိတ်တီး လိုက်မှာဖြစ်သော်လဲ  တကယ်ကြီး စိတ်တိုနေကာ ချက်ချင်းဆိုသလို ပေါက်ကွဲတော့မည့်
လက်ပစ်ဗုံး အနေအထားရှိနေသည့် ရှင်းသန့်မှူး ကြောင့် သွားလေးသာ ဖြဲပြရင်း-

"ငါ့သူငယ်ချင်း လေး အရမ်းစိတ်တိုရရင် ပင်ပန်းမှာဆိုးလို့ပြောတာပါ"

"ဟိုမှာ သက်တန့်လာပြီ"

သုခကြီး၏ စကားကြောင့် ကန်တင်း ဘက်သို့ ၀ရုန်းသုန်းကား ၀င်လာသည့် သက်တန့်အား လှည့်ကြည့်လိုက်ကြသည်။

သုခလေး နဲ့ ပိုးပိုး လဲ သက်တန့်အား
ကယ်တင်ရှင် ကြီး တစ်ယောက်လိုကြည့် ကာ မြန်မြန်လာရန် လက်ယက်ခေါ်လိုက်ကြသည်။

"ကဲ ဘယ်လိုဖြစ်ကြတာလဲ ပြောပါအုံး"

သက်တန့် တစ်ယောက် စားပွဲပေါ်ရှိရေဗူး အား ယူကာကောက်မော့ လိုက်ရင်း ရှင်းသန့်အား မေးလိုက်ခြင်းဖြစ်သည်။

မိမိမှာ စောစောစီးစီး ပိုးပိုး မရဲ့ ငိုသံကြီးဖြင့်-

"သက်တန့်ပိုင် ရေကျောင်းကိုလာပြီး ငါတို့ကို အမြန်လာကယ်ပါ၊  ရှင်းသန့်မှူးတစ်ယောက်
ပေါက်ကွဲတော့မယ့် ဗုံး လိုဖြစ်နေပြီ" 
ဆိုသည့်

All My Love Is 4uWhere stories live. Discover now