3 (the first recognition)📱

107 6 0
                                    

Unicode

ရိုးရာနောင်သည် အတန်းပြီးပြီးချင်း မိမိကွန်ဒို ဆီသို့ သာပြန်လာခဲ့သည်။ မိမိမှာ အပေါင်းအသင်း များများစားစားလဲမရှိ၊မရှိတာဆိုတာထက်မိမိကိုယ်တိုင်က လူများများနဲ့ ဆက်ဆံရတာတွေကို မကြိုက်တာကြောင့်သူငယ်ချင်းများများမထားခြင်းဆို ပိုမှန်လိမ့်မည်၊ သူငယ်ချင်းဆိုလို့ ငယ်ငယ်ထဲ ကပေါင်းလာတဲ့ တည်တံ့နိုင်သာ ရှိသည်။ တည်တံ့နိုင်ကလဲ အပြင်တွေ ဘာတွေ သိပ်သွားတတိသူမဟုတ်တာကြောင့် မိမိမှာလဲ ကျောင်းနဲ့အိမ်၊ အိမ်နဲ့ကျောင်းသာဖြစ်နေရသည်။
ရိုးရာရဲ့ဇာတိ မှာအောင်ပန်းမြို့(ကလောကနေဆို မိနစ်သုံးဆယ်လောကိပဲ သွားရတဲ့ မြိုငယ်လေးပါ) ဖြစ်‌ေသာ်လဲ မိခင်နဲ့ ဖခင်ရဲ့ဆန္ဒ အတိုင်း ရန်ကုန်မှာ ကျောင်းတက်ဖို့ ဖြစ်လာခဲ့ခြင်း။ ရိုးရာ တို့ မိဘ မျိုးရိုးသည်မျိုးရိုးစဉ်ဆက် ချမ်းသာ သည်၊ စတော်ဘယ်ရီခြံ၊ ထောပတ်ခြံ၊ လက်ဖက်ခြံ စသည်ဖြင့် ခြံများစွာလဲ ပိုင်ဆိုင်ထားသည်။ ရိုးရာရဲ့ မိဘများ သည်လဲ အလုပ်ကိုသာ ဦးစားပေး ပထမ ထားကြသည်။ ရိုးရာမှာ တစ်ဦးတည်းသောသား ဖြစ်သောလဲ ငယ်ငယ်ထဲ ကမိဘတွေနဲ့ တီတီတာတာမနေရ။ ကလေး ထိန်းတွေနဲ့သာကြီးပြင်းခဲ့ရသည်။
ထို့ကြောင့်တစ်နည်းအားဖြင့်ပြောရရင် ရိုးရာဟာ မိဘမေတ္တာ ငတ်နေသူတစ်ဦး။ ငယ်စဉ်ထဲ ကမိဘနှစ်ပါး ကလိုလေသေးမရှိအောင် ထားသော်လဲ ရိုးရာ လိုချငိတာ အဲ့တာတွေမဟုတ်၊ နွေးထွမှုနှင့်ချစ်ခြင်းသာ။ သို့သော် ရိုးရာရဲ့မိဘတွေကရိုးရာကို ရိုက်နှက်နှိပ်စက်သလားဆိုတော့လဲ မဟုတ်ပြန်၊ သူတို့အလုပ်နှင့်သူတို့မလို့သာ အချိန်မပေးနိုင်ကြခြင်းဖြစ်သည်။ ထို့ကြောင့်တစ်ဖြေးဖြေးနှင့်ရိုးရာသည်လာ မိမိဘာသာ အေးအေးဆေးဆေးနေတတ်လာသည်။ မည်သူနှင့်မှလဲ စကားပြောဆက်ဆံခြင်းသိပိမပြုတော့၊ မည်သူ့ဆီကမှလဲ မေတ္တာ တွေကို မမျှော်လင့်ဖြစ်တော့တာဖြစ်သည်။
ရိုးရာလဲတွေးလက်စအတွေးများကိုရပ်ကာ မိမိကုတင်ပေါ်သို့ပစ်လှဲပြီး ဖုန်းထုတ်ကာ Facebook ပေါ်သို့တက်လိုက်သည်။ fbထဲ ၀င်လိုက်တာနဲ့များစွာသော notification တွေကစောင့်ကြိုနေသည်၊ Fri request တွေဆိုတာလဲ နေ့စဉ်နေ့တိုင်း မရိုးရ၊ ရိုးရာသည်စိတ်ရှုပ်ရှုပ်ဖြင့် လိုငိးပိတ်မည်အလုပ်တွင်
"Thet Thant Paing sent you a friend request"ဆိုတဲ့ notiလေး ကိုတွေ့လိုကိသဖြင့် ထိုကောင်လေး အကောင့်ထဲသို့ ၀င်ကြည့်လိုက်မိလေသည်။
profile photoက hoodie ဖြူစွတ်စွတ်ကို ၀တ်ထားပြီး ‌ပင်လယ် နောက်ခံနဲ့ ရိုက်ထားတဲ့ ပုံ၊ ဆံပင်ကွေးကွေးလေးတွေ ကနဖူးပေါ်မှာ ဝဲလို့၊ လက်နှစ်ဖက်ကိုဆန့်တန်းထားတာများ ကလေးလေးကျလို့၊ ထိုကောင်လေး ကထုံးစံမပျက်သွားလေး ဖြဲထား‌ေသးသည်။
ရိုးရာသည် သတိလက်လွတ် "ဟက်" ခနဲ့တစ်ချက်ရယ်လိုက်မိလေသည်၊ ဒီကောင်လေး သွားဖြဲရတာ တော်တော်ဝါသနာ ပါတာပဲ ဟုစိတ်ထဲမှလဲ ‌တွေးလိုက်မိသည်။

All My Love Is 4uWhere stories live. Discover now