19 (Durain 🤣👫👬)

43 4 0
                                    

"ဖြစ်ပါ့မလားကွာ"

"ဖြစ်ပါတယ်ဆိုကွာ သုခညီညီ ပါကွ မပိုင်ရင်ခြင်တောင် မရိုက်ဘူး "

သုခကြီး ၏ အမေးကို သုခလေးက ဟန်ပါပါဖြင့် ရင်ဘတ်ကိုပုတ်ကာ ဖြေလိုက်လေသည်။

ထို့နောက်
ဘယ်ကယူလာမှန်း မသိသည့် နေကာမျက်မှန်
အမဲကြီး ကို လွယ်အိတ်ထဲမှ ထုတ် ကာ
တပ်လိုက် ပြီး ချည် ပု ဝါ အမဲကြီး ကိုလဲ မျက်လုံး နှစ်လုံးကိုပဲ ‌ဖော် ချန် ထားကာ မျက်နှာတွင် အုပ်လိုက်လေသညိ။

မသိရင် တကယ့်ခေတ်သစ် ငတက်ပြား စတိုင်လ်။

အခု သက်တန့် တို့ရောက်နေသည် မှာ ကျောင်း အ‌ေနာက်ဘက် ရှိ သက်တန့်တို့၏ English Professor ဦးပြောင်ကြီး ၏ အိမ်ရှေ့တွင် ဖြစ်သည်။

အကြောင်းမှာ သုခလေး၏ စနက် ပင်။

သက်တန့် တို့ Professor ကြီး၏
အိမ်တွင် ဒူးရင်းသီး ပင် ကြီး ရှိသည်။
ဒူးရင်းသီး ပင်ကြီးမှာ ခြံထဲတွင်စိုက်ထား တာဖြစ်သော်လဲ
ခြံအပြင် ဘက်သို့ အကိုင်းများ ဖြာထွက်လျက်ရှိသည်။
ခြံရှေ့က ဖြတ်သွားတိုင်း လဲ ဒူရင်းသီး နံ့က လှိုင်ခနဲ။

ဒူရင်းသီး ခိုးဖို့ဖြစ်လာရသည့် အကြောင်းမှာ
လွန်ခဲ့သည့် စနေနေ့က professor က
ကျောင်းမှ စာစစ်ရန်စာအုပ်များကို
သူ့အိမ်သို့
သုခလေး အား ကူသယ် ကာ လိုက်ပို့ ခိုင်းခြင်းမှစသည်။

Professor အိမ်က ဒူရင်းသီး အပြုံ လိုက်သီးနေသည့်
ဒူရင်းပင်ကို မြင်ခဲ့ကတည်းက သုခလေး တစ်ယောက် သရေ ကျနေခဲ့သည်မှာ အခုထိပင်။

မနေနိုင်တော့သည့် အဆုံး သူငယ်ချင်း‌များနှင့် တိုင်ပင်ကာ ဒူရင်းသီး ခိုးရန် professor အိမ်ရှေ့သို့ရောက်လာခြင်းဖြစ်သည်။

သက်တန့်တို့ ရှင်းသန့်တို့ ပိုးပိုး တို့ကလဲ နှစ်ခါ တိုင်ပင်စရာ မလိုပေ။
ဒူရင်းသီး ဆိုသည့်အသံကြားတာနှင့်ပင် ငမ်းငမ်းတက်ကာ လိုက်မယ် လိုက်မယ် ခိုးမယ် ခိုးမယ် ဖြစ်နေကြတာပင်။

ဒူရင်းသီး အနံ့ ကိုပင် မခံနိုင်သည့် သုခကြီး ခမျာတော့ ကြားထဲကပင် အစစ်ပါလာခဲ့ရသည်။

All My Love Is 4uWhere stories live. Discover now