အခန်း ၎

45 8 1
                                    

Content warnings: Slight gore

ပြန်လည်မွေးဖွားခြင်းချောက်ကမ်းပါးထိပ်၌ကား အဖြူရောင်ဝတ်ဆင်ထားသော ကျင့်ကြံသူတစ်ဦးကို တပည့်ခုနှစ်ယောက် ရှစ်ယောက်လောက်က ဝန်းရံထားလေသည်။  သူ၏လက်ထဲတွင် ငှက်ကလေးတစ်ကောင်ကို ခပ်ဖွဖွ ကိုင်ထားလေသည်။ ငုံ့ကြည့်နေသော သူ၏မျက်လုံးရှိအကြည့်များမှာ နူးညံ့သိမ်မွေ့‌နေသည်။ သူ၏လက်များမှာ လက်ဖဝါးထဲရှိ ခုန်ဆွခုန်ဆြွဖစ်နေသော ထိုငှက်ကလေးကို ဂရုတစိုက်နှင့် စက်ဝိုင်းသဏ္ဍာန်လှည့်‌နေလေသည်။

“သူအရင်ရက်က ခွေးကိုက်ခံပြီးတော့ အသက်ရှင်ဖို့အလားအလာလည်း သိပ်မရှိဘူး”

နှင်းကဲ့သို့ အဖြူရောင်ဝတ်ဆင်ထားသောကျင့်ကြံသူ၏ပုံပန်းသဏ္ဍာန်မှာ နူးညံ့သိမ်မွေ့ပြီး အသားအရည်မှာလည်း နှင်းကဲ့သို့ပင် ဖြူစွတ်နေလေသည်။ သူနှင့်အနီးဆုံးတွင်ရှိသော တပည့်ဆီသို့လှည့်ကြည့်လိုက်ပြီး “ဟုတ်တယ် ဘဝဆိုတာ အခုလိုမျိုး‌မာနကြီးပြီး ခေါင်းမာတယ်”

သူ၏အသံမှာ ဖြည်းညင်းစွာစီးနေသော ရေစီးသံကဲ့သို့ ညင်သာလေသည်။ စကားလုံးတိုင်းသည် နှလုံးသားကို ဖမ်းစားနိုင်စွမ်းရှိလေသည်။

ခါးတွင် ဓားအတိုကိုချိတ်ဆွဲထားသော တပည့်မှာ ရှိုးတို့ရှန်းတမ်းဖြစ်သွားလေ၏။

“လူကြီးမင်းစုပြောတာမှန်တယ်”

“လူကြီးမင်းစုက အရမ်းလှပြီး ကြင်နာတတ်လိုက်တာ”

“သူက အမြဲတမ်းဒီလိုပဲလေ... တစ်ခါတလေ လူကြီးမင်းစုကို အတ္တြကီးပြီး ဆိုးစေချင်တယ် ဒါမှသာ တခြားသူတွေက သူ့ကိုတစ်ချိန်လုံးအနိုင်မကျင့်မှာ”

“မင်းပြောတာ အာရုဏ်ဦးတိမ်လွှာတောင်ထွဋ်ကသူလား?!”

“ငါမပြောဘူးနော်! ဘာပဲဖြစ်ဖြစ် လူကြီးမင်းစုက ငါတို့ဂိုဏ်းသားတပည့်ကိုကယ်ရင်း အမြုတေပျက်စီးသွားလို့ သူ့ရဲ့ကျင့်ကြံမှုကလည်း ဒီထက်တိုးတက်ဖို့မဖြစ်နိုင်တော့ဘူး... ငါတို့ချင်းလင်ဂိုဏ်းအနေနဲ့ သူ့ကိုကောင်းကောင်းဆက်ဆံရမယ် ဟိုကျေးဇူးကန်းတတ်တဲ့သူလိုမဖြစ်ရဘူး”

ထိုစိတ်တိုလျှက် တံတွေးထွေးလိုက်သောတပည့်ဆီသို့ ရှန်လျှိုရှန်း လျှောက်သွားလိုက်လေ၏။

ဗီလိနျရှဈဇှငျးက ပနျးပှငျ့လေးလိုပါလား-Zawgyi (Ongoing)Where stories live. Discover now