အခန်း ၉

47 9 2
                                    

"အောင်ယွဲ့က ဘာဖြစ်လို့များ ဒီလောက်ကြီးအူနေရတာလဲ? ဗိုက်ဆာလို့များလား?"

"မင်း... ဦနှောက်လေးလည်းသုံးပါဦး! အောင်ယွဲ့က အစားကျူးတဲ့သူမှမဟုတ်တာ!"

"ထျန်းကုမ်က ရုတ်တရက်ကြီး ဘာအကြောင်းပြချက်မှမရှိဘဲ ရူးသွားသလိုဖြစ်သွားတာဆိုတော့ သူ့ကိုချည်ထားတဲ့သံကြိုး‌တွေက သူ့ကိုထိန်းထားနိုင်ပါ့မလား? ဂိုဏ်းချုပ်ကလည်း ဒီမှာမရှိဘူး! အောင်ယွဲ့သာလွတ်လာရင်တော့ အကျိုးဆက်က မတွေးဝံ့စရာပဲ!"

"တော်သေးတယ် အမတရှန်က ဝိညာဉ်တည်‌ဆောက်ခြင်းအဆင့်ကိုတက်သွားလို့‌ပေါ့ အောင်ယွဲ့သာသူ့ကိုမြင်ရင် အနည်းဆုံးတော့ ကြောက်သွားမှာပဲ"
(🌊 - မရယ်သေးဘူးနော် 🤭)

"အမတရှန်ကို အခုလိုမျိုး‌အားကိုးတကြီးနဲ့ မျှော်လင့်ချက်ထားရမဲ့နေ့ ရောက်လာလိမ့်မယ်လို့ ငါတစ်ခါမှ မျှော်လင့်မထားမိဘူး"
(🌊 - အရမ်းအားကိုးရတာ... ခွေးကိုစဖို့ 🤧)

ထိုအချိန်တွင် ချင်းလင်ဂိုဏ်းသားများ၏ များပြားလှသော မျှော်လင့်ချက်များကို ထမ်းပိုးထားရသော ရှန်လျှိုရှန်းသည် သူရှာဖွေနေသောအဖြေကို ကျွယ်ချွင်းမြစ်ကမ်းပါးတွင် တွေ့ရှိသွားလေသည်။

ကျိုးရွှမ်လန်သည် ကျောက်တုံးတစ်တုံးပေါ်တွင် တင်ပျဉ်ခွေထိုင်လျှက် ဖြည်းညှင်းစွာစီးနေသောမြစ်ပြင်ကို မျက်နှာပြုထားလေသည်။ အရပ်မျက်နှာပေါင်းစုံ များပြားလှသော ဝိညာဉ်စွမ်းအားများသည် သူ၏အနီးတစ်ဝိုက်တွင် ပါးလွှာသောမြူခိုးများသဖွယ် ဝိုင်းရံထားသည်။

အနောက်ဘက်တွင် တစ်စုံတစ်ယောက်ရောက်နေသည်ကို အာရုံခံမိသောကြောင့် ကျိုးရွှမ်လန် ချက်ချင်းပင် မျက်လုံးဖွင့်ကြည့်လိုက်လေသည်။ သူ၏ဘေးတွင်ချထားသော ဓားရှည်ထံမှလည်း သတိပေးသံကဲ့သို့ တချွင်ချွင်အသံထွက်ပေါ်လာသည်။

ရှန်လျှိုရှန်း လှည့်ကြည့်လိုက်သည်။

အပြာရောင်အဝတ်အစားနှင့် ကလေးလေးသည် ခေါင်းထက်တွင် အစိမ်းရောင်ကြာရွက်ကို တင်ထားပြီး လေထဲတွင်မြှောက်၍ ပျော်ရွှင်စွာ ဆော့ကစားထားပုံရသော ကျောက်စရစ်ခဲအချို့ကိုကိုင်လက်ထဲတွင်ကိုင်ထားသည်။ ထိုကလေးလေးသည် သူ့အားမော့ကြည့်၍ ပါးချိုင့်လေးများပေါ်သည်အထိ ပြုံးပြလာသည်။ သူ၏ပုံစံလေးမှာ အင်မတန်မှပင် ချစ်ခင်နှစ်သက်ဖွယ်ရာဖြစ်နေသည်။

ဗီလိနျရှဈဇှငျးက ပနျးပှငျ့လေးလိုပါလား-Zawgyi (Ongoing)Where stories live. Discover now