အခန်း ၂၃.၁ - ရှစ်ဇွင်း! သူကဘယ်သူလဲ?

24 7 2
                                    

ရှန်လျှိုရှန်းသည် သွေးအရသာကို ခံစားလိုက်ရသည်။ အကိုက်ခံထားရ၍ သူ၏နှုတ်ခမ်းမှာကွဲနေသည်။

သူ့အား နမ်းရန်ထိန်းချုပ်ထားသောလူသည် သွေးဆာနေသည့် ဝံပုလွေတစ်ကောင်နှင့်တူလေသည်။

ရှန်လျှိုရှန်းသည်အသက်ရှုကြပ်လာကာ သူ့လက်ကို ခါးဆီသို့ ခက်ခက်ခဲခဲပင် လှမ်းလိုက်လေသည်။ ခါးတွင်ချိတ်ဆွဲထားသော ရှင်းဟွားသိုက်ကို ကိုင်မိသည်နှင့်တပြိုက်နက် ချက်ချင်းပင်အသုံးချလိုက်လေသည်။

တောထဲသို့အမှောင်ရိပ်အချို့ တိုးဝင်လာလေသည်။‌ရှင်းဟွားသိုက်ဖြင့် ခေါင်းကိုစွပ်ထားခြင်းခံရသော ကျိုးရွှမ်လန်မှာ လှုပ်ရှားမှုများရပ်တန့်သွားကာ ရှန်လျှိုရှန်းကိုမှီကာလဲကျပြီး သတိလစ်သွားလေသည်။

ရှန်လျှိုရှန်းသည် အသက်ပြင်းပြင်းတစ်ချက်ရှုရှိုက်လိုက်ကာ လက်တစ်ဖက်နှင့် သူ့ကိုမှီထားကာသတိလစ်နေသောကျိုးရွှမ်လန်ကို ထူမပေးပြီး ‌‌နောက်တစ်ဖက်ဖြင့် အောက်နှုတ်ခမ်း‌ထောင့်စွန်းကသွေးစအချို့ကို သုတ်ပစ်လိုက်လေသည်။

နာကျင်စွာနဲ့ 'ကျစ်' ခနဲအသံတစ်ချက်ပြုလိုက်ပြီး သူ၏ လက်ချောင်းသွယ်သွယ်လေးများ၏ ထိပ်တွင်လည်း အနီရင့်ရောင်သွေးစများ စွန်းထင်းလျက်ရှိလေသည်။

“မင်းကခွေးလေးလား?”

သူသည် ထိတ်လန့်သွားခြင်းမှ ဣနြေပြန်ဆည်ကာ ပြောလိုက်လေသည်။ ထို့နောက် ဒေါသလည်းထွက်လာကာ တပည့်ဖြစ်သူကိုပင် အပြစ်ပေးချင်လာသည်။

သို့ရာတွင် ကျိုးရွှမ်လန်သည် သူ့(ရှန်လျှိုရှန်း)ကိုထိခိုက်စေမည့် မန္တန်ဆီမှကာကွယ်ရန် လုပ်ခဲ့သည်ကိုစဉ်းစားမိသော် သည်းခံလိုက်၍ သစ်ပင်ကိုမှီလိုက်ကာ ထိုသူ(ကျိုးရွှမ်လန်)ကို သူ၏ပခုံးထက်တွင် မှီ၍ အနားယူရန်ခွင့်ပြုလိုက်လေသည်။

သူသည် ဤပြဿနာကို ဟွားကျန့်၏ ခေါင်း‌ပေါ်သို့သာ ပုံချလိုက်လေသည်။

ကျောက်တုံးပေါ်ထိုင်နေသောအောင်ယွဲ့သည် ခဏမျှ ပါးစပ်အဟောင်းသားဖြစ်နေခဲ့ပြီး‌နောက် အန္တရာယ်ရှိသောစိုက်ကြည့်ခြင်းကိုခံစားမိသောကြောင့် ရုတ်တရက် သူ၏ခြေထောက်ကိုမြှောက်ကာ
“ဒီကိစ္စကို ဘယ်သူ့ကိုမှမပြောပါဘူးလို့ကျိန်ဆိုပါတယ်” ဟုဆိုလာလေသည်။
