အခန်း ၂၄.၁

17 8 3
                                    

“သူက ဘယ်သူလဲ?”

ရှန်လျိုရှန်းကပါ သိချင်၍မေးလိုက်‌လေသည်။

လူငယ်လေး၏မျက်နှာမှာ အေးစက်နေခဲ့သည်။ ထိုသူ၏ ဘဝင်လေဟပ်နေသောမျက်နှာမှာ တစ်ချက်မျှပျက်သွားပြီး ရှန်လျိုရှန်းကိုကိုင်‌ထားသောလက်သည်လည်း ပို၍တင်းကြပ်လာလေသည်။

“ငါက နင်ရွမ့်ရှင်းပါ! ငါတို့ မိစ္ဆာလောကမှာ‌တွေ့ဖူးသေးတယ်‌လေ! ပြီးတော့... ပြီးတော့... ငါ့ကိုရှာဖို့  ဓားဂိုဏ်းကိုလာခဲ့မယ်လို့မင်းပြောခဲ့တယ်! ဒါပေမဲ့ မင်းမလာခဲ့ဘူး... ငါ မင်းကိုအကြာကြီးရှာနေခဲ့ရတာ ဘာဖြစ်လို့ငါ့ကို မမှတ်မိရတာလဲ?”

ရှန်လျှိုရှန်း၏လက်များသည် ဖိညှစ်ခံရပြီးအလွန်ပင်နာကျင်လာသော်လည်း  သူသည်နှုတ်ခမ်းကိုဖိကိုက်ကာ တစ်ခွန်းမျှမပြောခဲ့ပေ။

သူသည် နင်ရွမ့်ရှင်းအကြောင်းကို ပြန်၍စဉ်းစားကြည့်သော်လည်း အနည်းငယ်သာမှတ်မိ‌လေသည်။ အဘယ်ကြောင့်ဆိုရာဝယ် ထိုသူသည် ဝတ္ထုထဲတွင် အဓိကဇာတ်ဆောင်မဟုတ်သည့်အတွက် သူ့‌အကြောင်းကို စာလုံးအနည်းငယ်နှင့်သာ ဖော်ပြထားသောကြောင့်ဖြစ်လေသည်။

နင်ရွမ့်ရှင်းသည် နှစ်အတော်ကြာမှ တစ်ခါပေါ်လာသော ဓားဂိုဏ်း၏ပညာရှင်တစ်ဦးဖြစ်သော်လည်း ရွှေအမြုတေအဆင့်တွင် ရပ်တန့်နေခဲ့ပြီး သူ့၏ကျန်သက်တမ်းတစ်လျှောက် ထိုအဆင့်မှ ဆက်မတက်နိုင်တော့ပေ။

“မင်း တခြားသူနဲ့အမှတ်မှားတာဖြစ်လိမ့်ပါမယ်”

ရှန်လျှိုရှန်းသည် သူ့၏လက်ကို ရုန်းထွက်ရန် ကြိုးစားသော်လည်း ပိုမိုတင်းကြပ်စွာကိုင်ထားခြင်းခံလိုက်ရ၏။

ထိုစကားကိုကြားသော် ထိုသူ၏လက်ချောင်းထိပ်များသည် ရှန်လျှိုရှန်း၏လက်ဖဝါးထဲသို့ နစ်ဝင်မတတ် ဖျစ်ညှစ်လိုက်လေရာ အရိုးများပင် ကျိုးကြေမတတ်ပင်။

“ခင်ဗျား သူ့ကို နာကျင်အောင်လုပ်တယ် ”

ကျိုးရွှမ်လန်၏မျက်လုံးအကြည့်များသည် ရုတ်တရက်အေးစက်သွားရပြီး ရှန်လျှိုရှန်း၏လက်အား ဆုပ်ကိုင်ထားသော နင်ရွမ့်ရှင်း၏လက်ချောင်းများကို တစ်ချောင်းပြီးတစ်ချောင်း ဖြည်ချလေသည်။

ဗီလိနျရှဈဇှငျးက ပနျးပှငျ့လေးလိုပါလား-Zawgyi (Ongoing)Where stories live. Discover now