အခန်း ၂၄.၂

25 8 1
                                    

အိပ်မက်လှလှမက်ပါစေ။

နောက်တစ်နေ့တွင် လူအများသည် ဓားဂိုဏ်းသို့အလျင်စလိုရောက်လာခဲ့ကြသည်။

လူစိတ်ဝင်စားမှု အများဆုံးခံရသောအဖွဲ့မှာ ရှီးရန်ဂိုဏ်းမြှဖစ်ပြီး တူညီသောအနီရောင်တောက်တောက်ဝတ်စုံကို ဝတ်ဆင်ထားကြသည်။ သူတို့အားလုံး၏ မျက်နှာထက်တွင်မူ မောက်မာဝါကြွားခြင်းတို့ကိုတွေ့နိုင်‌လေသည်။

ခေါင်းဆောင်တပည့်ထံ၌မူ သူ၏ခါးတွင် ဓားမြှောင်၊ အရိပ်မဲ့အပ်ပုန်း၊ ရွှေဒင်္ဂါးအစရှိသည့် များစွာသောပစ္စည်းများနှင့် နတ်လက်နက်များကို ချိတ်ဆွဲထားလေသည်။ ကျန်တပည့်များသည်လည်း ထိုသူလောက်မများ‌သော်လည်း သင့်တင့်လျောက်ပတ်သော တန်ဆာပလာများကို ချိတ်ဆွဲထားသည်။

ထိုသူတို့ လမ်းလျှောက်လာစဉ်တစ်လမ်းလုံး၏ ဘေးတစ်ဖက်စီတွင်ရှိသော လူအများထံမှ အာမေဍိတ်သံများ ဆူညံနေပေသည်။

“အဲဒီတစ်ယောက်က ရှီးရန်ဂိုဏ်းကသခင်လေး ကျင်းတျယ်ရှန်းလေ! အသက်ငယ်ငယ်လေးနဲ့ ရွှေအမြုတေအဆင့်ကိုရောက်သွားတာ... သူ့ရဲ့အနာဂတ်ကတော့ အကန့်အသတ်မဲ့ပဲ!”

“ဟုတ်တယ် သူတို့ကရှီးရန်ဂိုဏ်းရဲ့တပည့်တွေပဲ... သူတို့ယူလာတဲ့လက်နက်တွေက နည်း‌နည်း‌လေးပဲရှိ‌သေးတာတဲ့! ဒီထက်အစွမ်းကြီးတဲ့လက်နက်တွေကို လျှို့ဝှက်ထားသေးတယ်ဆိုပဲ!”

“လျှို့ဝှက်လက်နက်တွေအကြောင်းပြောကာမှ ကျင်းတျယ်ရှန်းအကျွမ်းကျင်ဆုံးက လက်နက်ပုန်းမဟုတ်ဘူး... လေးအတတ်လို့ပြောနေကြတယ်! ကြားဖူးတဲ့ကောလာဟလကတော့ သူက အခြေတည်အဆင့်မှာကတည်းက မိုင်ထောင်ချီဝေးတဲ့နေရာမှာရှိတဲ့ ရွှေအမြုတေအဆင့်ရှိတဲ့ကျင့်ကြံသူကို ခေါင်းဖြတ်နိုင်ခဲ့တယ်ဆိုပဲ!”

“ဟုတ်တယ်! ဒီလူငယ်လေးရဲ့ လေးအတတ်ကတော့ တစ်ဖက်ကမ်းခပ်ပဲ!!! ရှီးရန်ဂိုဏ်းချုပ်က သူ့ရဲ့လေးနဲ့မြားဖြစ်တဲ့ ကောင်းကင်ကိုးဆင့်တိမ်လွှာဖောက်ထွင်းမြားနဲ့ နဂါးဟိန်းသံအရိုးသောင်းချီလေးအတွက် ဒီလောကမှာအကောင်းဆုံးသောကုန်ကကြမ်းတွေရှာပြီး အတော်ဆုံးပညာရှင်ကနေပြီး လုပ်ပေးထားတာတဲ့!”

ဗီလိနျရှဈဇှငျးက ပနျးပှငျ့လေးလိုပါလား-Zawgyi (Ongoing)Where stories live. Discover now