အခန်း ၁၅

39 11 0
                                    

အာရုဏ်ဦးရောင်နီသည် တဖြည်းဖြည်းရောက်ရှိလာသည်။

စုပိုင်ချဲ့သည် ဝါးရုံတောထဲသို့ ဝင်လာခဲ့ရာ မြေပြင်ပေါ် ကြည့်လေရာရာတိုင်းတွင် ဝါးရွက်အပိုင်းအစများ ပြန့်ကျဲနေလေသည်။
“ကြည့်ရတာ သူတစ်ညလုံးပေါက်ကွဲထားပုံပဲ အခုချိန်ဆိုရင် သူ့ဒေါသက အထွဋ်အထိပ်ကိုရောက်နေပြီဆိုတော့ ကျုပ်ရောက်လာတာ အချိန်ကောင်းပဲ”

ထုံရှီးမှာ အတန်ငယ်အံ့အားသင့်သွားပြီး
“ဒါဆိုရင် ဒါကမင်းရဲ့အစီအစဉ်ပေါ့... ငါမင်းကိုလျော့တွက်ခဲ့မိတာပဲ”

စုပိုင်ချဲ့သည် နှာမှုတ်လိုက်ပြီး “အရူးပဲ!!!”

ထိုသို့ပြောပြီးနောက်တွင် သူသည် ပုံရိပ်တစ်ခုကိုသတိထားမိသွားလေသည်။

လူငယ်လေးသည် ဝါးပင်ကိုမှီထားပြီး သူ၏ဝတ်ရုံတစ်ခုလုံးမှာလည်း မသပ်မရပ်နှင့် ကြေမွနေလေသည်။ ခပ်လျော့လျော့စည်းနှောင်ထားသော ဆံစများပေါ်တွင်လည်း ဝါးရွက်များတင်နေသည်။ သူသည် ဦးခေါင်းကိုငိုက်စိုက်ချလျက် လက်ထဲတွင်ရှိနေသော ပိုးကြိုးစကို စိုက်ကြည့်နေလေသည်။

“သူ့ကိုကြည့်လိုက်စမ်း! သနားစရာကောင်းလိုက်တာ”

စုပိုင်ချဲ့သည် အသာအယာပင်နှာမှုတ်၍ သူ၏မျက်နှာအမူအရာမှာပြောင်းလဲသွားပြီး နူးညံ့သိမ်မွေ့သည့်ဟန်ပန်များ ဖြစ်ပေါ်လာသည်။ သူသည် ကျက်သရေရှိသောခြေလှမ်းများ‌ဖြင့် ထိုသူထံသို့ လျှောက်သွားပြီး
“ဘာ‌တြွဖေစ်ခဲ့တာလဲ? ဝါးရွက်တွေအများကြီးကြွနေတာပဲ!”

ကျိုးရွှမ်လန်၏အကြည့်များ ပြောင်းလဲသွားသည်။ သူသည် ကျယ်ရှင်းအား သိမ်းလိုက်ပြီး အနားသို့လျှောက်လာသူကို ကြည့်လိုက်သည်။

“ကျွန်တော်မနေ့ညက ဒီမှာလေ့ကျင့်ထားတာပါ”

စုပိုင်ချဲ့သည် ခဏမျှတွေဝေသွားပြီး ပြောလာသည်။
“မင်းရဲ့ကျင့်ကြံမှုမှာ တစ်ခုခုများ အဆင်မပြေတာရှိသေးလား?”

“မရှိ‌ပါဘူး” ကျိုးရွှမ်လန်သည် အသာအယာခေါင်းယမ်းလိုက်ပြီး ပြန်ရန်ပြင်လိုက်သည်။

စုပိုင်ချဲ့သည် အလျှင်အမြန်ရှေ့တိုးလိုက်ပြီး
“ငါလည်း အချိန်နည်းနည်းအားနေတော့ မင်းမှာ အခက်အခဲရှိရင် ငါ့ကိုအချိန်မရွေးမေးလို့ရတယ်နော်”

ဗီလိနျရှဈဇှငျးက ပနျးပှငျ့လေးလိုပါလား-Zawgyi (Ongoing)Where stories live. Discover now