အခန္း ၈

43 9 2
                                    

ကောင်းကင်တစ်ခွင်လုံး မူမမှန်ဖြစ်နေခြင်းသည် ကျင့်ကြံရေးလောကတစ်ခုလုံးကို တုန်လှုပ်သွားစေသည်။

မရေမတွက်နိုင်သော ကျင့်ကြံသူများသည် သူတို့၏အိမ်များမှထွက်၍ ထိုပုံမှန်မဟုတ်သောအဖြစ်အပျက်ကို ကြည့်နေကြသည်။ သူတို့၏မျက်နှာများတွင် အမူအရာအမျိုးမျိုးပြောင်းလျက်ရှိပြီး ထိုအကြောင်းအရာကို စိတ်အားထက်သန်စွာ ဆွေးနွေးနေကြလေသည်။

"ဒီအငွေ့အသက်ကိုကြည့်ရတာ မူလဝိညာဉ်ဘုံအဆင့်နဲ့ ဝိညာဉ်တည်ဆောက်ခြင်းအဆင့်ကြားမှာ ပုံမှန်မဟုတ်တဲ့ ပြောင်းလဲမှုတစ်ခုခုရှိနေပုံပဲ... တစ်ယောက်ယောက်ကတော့ ဒုတိယတစ်ခုကို အဆင့်တက်နေပြီထင်တယ်"

"ဂိုဏ်းမဲ့ကျင့်ကြံသူတစ်‌ယောက်ယောက် ဒါမှမဟုတ် အမတဂိုဏ်းတစ်ခုခုရဲ့ ကျင့်ကြံသူများလား? ဒီတောင်ပိုင်းမှာဆိုရင် ချင်းလင်ဂိုဏ်းအပါအဝင် ကျင့်ကြံရေးဂိုဏ်းတွေအများကြီးရှိတယ် ဧကန္တ... ချင်းလင်ဂိုဏ်းက ကျင့်ကြံသူများလား?"

"ချင်းလင်ဂိုဏ်းမှာ မူလဝိညာဉ်ဘုံအဆင့် ကျင့်ကြံသူတွေအများသားဆိုပေမဲ့ ဝိညာဉ်တည်ဆောက်ခြင်းအဆင့်အထိ‌ရောက်ခါနီးတဲ့သူက နည်းနည်းပဲရှိတယ် အမတနှစ်ယောက်ရယ်နဲ့ ဂိုဏ်းထဲက အကြီးအကဲတချို့လောက်ပဲရှိတယ်"

"လူကြီးမင်းစုကို ကောင်းကင်ဘုံကသတိထားမိဖို့ပဲ မျှော်လင့်ပါတယ် ဒီလောကမှာ သူ့လိုမျိုးကြင်နာတတ်တဲ့ ကျင့်ကြံသူက ရှားတယ်လေ"

"အမတလင်ဟွာက ဝိညာဉ်တည်ဆောက်ခြင်းအဆင့်ကို ရောက်တော့မှာလေ သူလည်းဖြစ်နိုင်တယ်"

"ဒီမနက် စစ်ဖန်းသွေးကန်ထဲ ဆင်းခဲ့သူကို မင်းတို့မေ့နေကြတာလား? သူလည်း အရင်တုန်းက ကောင်းကင်ဘုံက ကောင်းကြီးပေးခံရသူပဲလေ... သူသာဒဏ်ရာမရခဲ့ရင် ဝိညာဉ်တည်ဆောက်ခြင်းအဆင့်ကိုရောက်နေတာ ကြာရောပေါ့!"

"ဒါဆိုရင်တော့ မကောင်းတော့ဘူး! ဒါဆိုသူက ကောက်ကျစ်တာတွေကို ပိုပြီးတော့ အရှက်မရှိဘဲလုပ်လာတော့မှာပေါ့..."

"ဟုတ်တယ်! သူသာဆိုရင်တော့ ကောင်းမှာကိုမဟုတ်ဘူး"

ရှန်လျှိုရှန်းသည် တစ်ဖက်သို့လှည့်၍ နှာချေလိုက်ပြီး သူနှင့်မတော်သောဝတ်စုံကို ခန္ဓာကိုယ်ပေါ်သို့ ပို၍ပင် တင်းတင်းကြပ်ကြပ် ရစ်ပတ်ထားလိုက်သည်။

ဗီလိနျရှဈဇှငျးက ပနျးပှငျ့လေးလိုပါလား-Zawgyi (Ongoing)Where stories live. Discover now