အခန်း ၁၇

47 12 1
                                    

‌ရှေးယခင်ကပင်လျှင် ထျန်းကုမ်ဟူသောအမည်နာမကြားလျှင် လူတိုင်းဖိန့်ဖိန့်တုန်တောင်အောင်ကြောက်လန့်ကြသည်။ တစ်ကောင်တည်းကျန်ရှိသော ထျန်းကုမ်(ကောင်းကင်ဘုံမှခွေး) ဖြစ်သည့်အလျှောက် အောင်ယွဲ့ မိစ္ဆာလောကမှထွက်ပေါ်လာချိန်မှစ၍ အားလုံး၏အာရုံစိုက်မှုကိုခံခဲ့ရသည်။

ကောလာဟလများအတိုင်းပင် ၄သည် တမူထူးခြားသောအစွမ်းများပိုင်ဆိုင်ထားပြီး ကြမ်းတမ်းရက်စက်သည်။ လအနည်းငယ်အတွင်းမှာပင် မရေမတွက်နိုင်သော သူတို့၏သွေးများသည် သူ၏လက်တွင် စွန်းထင်းခဲ့လေသည်။

ကံကောင်းစွာဖြင့် သိပ်မကြာသေးခင်က လင်ယဲ့ဦးဆောင်သော အမတဂိုဏ်းဝင်များသည် သူ့အားဖမ်းဆီး၍ ချင်းလင်ဂိုဏ်းသို့ ခေါ်လာနိုင်ခဲ့ကြသည်။

ထိုအခါမှသာ လူအပေါင်းတို့သည် သက်ပြင်းချနိုင်ခဲ့ကြသည်။

သို့ရာတွင် ချင်းလင်ဂိုဏ်သားများကမူ အောင်ယွဲ့လွတ်မြောက်လာမည်ကို စတင်၍ပူပင်လာကြသည်။

ယနေ့တွင်တော့ သူတို့၏အိမ်မက်ဆိုးကြီးသည် ရောက်ရှိလာချေသည်။

အချိန်ခဏလေးအတွင်းမှာပဲ မျှော်လင့်မထားစွာပင် အမတရှန်သည် ထျန်းကုမ်အား တစ်ချက်တည်းဖြင့် အနိုင်တိုက်နိုင်ခဲ့လေ၏။

ပြိုင်ပွဲကျင်းပရာနေရာရှိလူအားလုံးမှာ ခဏမျှတိတ်ဆိတ်သွားပြီးနောက်တွင်တော့ နားကွဲလုမတတ်သော အားပေးသံများထွက်ပေါ်လာသည်။

"အမတက အင်အားအကြီးဆုံးပဲ!"

"အမတရှိ‌နေတာက ချင်းလင်ဂိုဏ်းအတွက်တော့ ကောင်းကြီးပေးခံရတယပဲ"

"ဒီမိစ္ဆာလောက်ကတော့ဘာမှမဟုတ်ဘူး ငါတို့အမတတရှန်က သူ့ကိုတစ်ချက်တည်းနဲ့ အနိုင်တိုက်နိုင်တယ်!"

ထျန်းကုမ်ပေါ်တွင် ရပ်နေသောရှန်လျှိုရှန်းကို ကြည့်နေကြသော အကြီးအကဲများ၏မျက်နှာအမူအရာများမှာလည်း ပြောင်းလဲသွားကြသည်။ သူတို့၏အကြည့်များတွင် အံ့ဩထိတ်လန့်မှုများ ရောပြွမ်းနေလေ၏။

ရှန်လျှိုရှန်းအား အမြဲပင်မကျေမနပ်ဖြစ်နေသော ချန်ယီထျန်းပင် ယခုအချိန်တွင်မူ ထိတ်လန့်မှုနှင့် အထင်ကြီးလေးစားမှုများသာ သူ၏မျက်လုံးထဲ၌ရှိနေတော့သည်။
"ဒီလိုအစွမ်းက... အမတက တစ်ချိန်လုံး သူ့ရဲ့အစွမ်းကို ဖုံးထားတာလား?"

ဗီလိနျရှဈဇှငျးက ပနျးပှငျ့လေးလိုပါလား-Zawgyi (Ongoing)Where stories live. Discover now