1☁

3.7K 369 8
                                    

ယောင်ချန်း ၏ စတုတ္ထနှစ်၊ ဒီဇင်ဘာလတွင်၊ လောင်ချုး စီရင်စုသည် ရာစုနှစ်တစ် ခုအတွင်း ရှားပါးသော နှင်းဘေးအန္တရာယ်နှင့် ကြုံတွေ့ခဲ့ရသည်။

အဆက်မပြတ် နှင်းများ သည်းထန်စွာ ရွာသွန်းပြီး အရှိန်ပြင်းပြင်းဖြင့် ငါးရက်ဆက်တိုက် ကျဆင်းခဲ့သည်။ ငါးရက်အတွင်း လောင်ချူး စီရင်စု၏ ထက်ဝက်ကျော် နှင်းများထူထပ်စွာကျလုနီးပါးဖြစ်ခဲ့သည်။ အထူးသဖြင့် နှင်းမုန်တိုင်းဒဏ် အပြင်းထန်ဆုံးခံရသည့် တောင်တန်းများအနီးရှိ ကျေးရွာအများအပြားတွင် နှင်းမုန်တိုင်းဒဏ်ခံခဲ့ရသည်။

နှင်းများထူထပ်စွာကျပြီးနောက် သုံးရက်မြောက်နေ့တွင်၊ လောင်ချူး စီရင်စု​ရှိ ထူးထူးခြားခြားမရှိသော တောင်ရွာငယ် လေးတစ်ခု၏ တောင်စောင်းမှာ တည်ရှိတဲ့ သာမန်လယ်သမားအိမ်မှ ပျက်စီး ယိုယွင်းနေတဲ့ သစ်သားတံခါးက တဝုန်းဝုန်းမြည်နေတယ်။

ပါးလွှာသော လက်တစ်စုံက တံခါးကို ခက်ခက်ခဲခဲ တွန်းဖွင့်လိုက်ရာ လက်ပိုင်ရှင်က အပြင်ဘက် အခြေအနေကို မမြင်မီတွင် တံခါးအပြင်ဘက်တွင် နှင်းများစုပုံနေသဖြင့် မြုပ်လုမတတ် ဖြစ်နေသည်။

ကောင်လေး အံ့ဩသွားသည်မှာ ထင်ရှားသည်။ လွန်ခဲ့သည့်ရက်အနည်းငယ်က အပြင်မှာ နှင်းတွေကျနေမှန်း သူသိသော်လည်း အပြင်မှာ နှင်းတွေ ဒီလောက်မြင့်နေမည်ဟု သူ မမျှော်လင့်ထားပေ။

သူ မသိစိတ်က တံခါးကို ပြန်ပိတ်ချင်ပေမယ့် ကံမကောင်းစွာပဲ နှင်းတွေကျပြီး တံခါးကို ပိတ်ဆို့ထားပြီးဖြစ်လို့ ကူကယ်ရာမဲ့ မျက်နှာနဲ့ တံခါးကို ပိတ်ဖို့သာ အရှုံးပေးလိုက်ရပါတယ်။

ကံကောင်းထောက်မစွာ၊ ယခု အပြင်ဘက်တွင် လေမရှိသဖြင့် အိမ်တံခါး တစ်ဝက်ကျော်မှာ ဆီးနှင်းများပိတ်ဆို့နေပြီး အိမ်အတွင်းတွင် မီးရှိနေဆဲ ဖြစ်သည်။ မဟုတ်ရင် တံခါးမပိတ်နိုင်ပါက အခုလို ပြင်းထန်တဲ့ ရာသီဥတု အေးခဲပြီး လူတွေကို သေစေမှာ သေချာပါတယ်။

ကောင်လေးက တံခါးဖွင့်လာရတဲ့ အကြောင်းရင်းက နွေးထွေးနေရင်းအပြင်ကို စူးစမ်းမလို့ပါပဲ။ မူလက လေဝင်လေထွက်ကောင်းစေရန် တံခါးကိုဖွင့်ချင်သော်လည်း တံခါးကို တွန်းဖွင့်လိုက်သည်နှင့် ပြန်မပိတ်နိုင်မည်ကို မမျှော်လင့်ထားမိပေ။

ကူးပြောင်းလာပြီးနောက်အင်ပါယာစာမေးပွဲ​ဖြေဖို့ပြင်ဆင်နေတဲ့  Gong (Mm tran)Where stories live. Discover now