36

771 108 1
                                    

ရှီမိသားစု၏ ဒုတိယအိမ်သည် မူလက နှစ်ခန်းသာရှိသော်လည်း ယခုအခန်းနှစ်ခန်းကို ထပ်မံတည်ဆောက်လိုက်ရာ အိပ်ခန်းတစ်ခန်းနှင့် အခြားအခန်းကို စာကျက်ခန်းအဖြစ် အသုံးပြုခဲ့သည်။

မူလက ရှီချန်းယု သည် သူနှင့် မူလင်းထန် ကို တစ်ခန်းတည်းနေရမည်ဆိုသောကြောင့် သူတို့နှစ်ဦးလုံးက တစ်ခန်းတည်းနေရသည့်အတွက် အနည်းငယ်ရှက်စရာကောင်းနေသည်။

သူတို့ အရင်က တစ်ခန်းတည်းနေခဲ့ကြပြီး အနည်းဆုံးတော့ အဲဒီ့ဘေးမှာ ပေါက်စီလေး ရှိပါသေးသည်။ သူတို့ ရှက်ရွံ့နေတယ်ဆိုရင်ပေါက်စီလေး ကို ဂရုစိုက်ဟန်လုပ်ပြီး ဖုံးဖိထားနိုင်သေးသည်။

ဒါပေမယ့် ရီလင်း ရွာကိုပြောင်းလာပြီးကတည်းက ပေါက်စီလေးဟာ ရှီယွီရှီး ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ချစ်စဖွယ် ဆွဲသီးလေးတစ်ခုဖြစ်လာခဲ့ပြီး ရှီယွီရှီးလက်ထဲကနေ ခဏတာ ချန်ထားခဲ့ဖို့ပင် ခဲယဉ်းခဲ့ပါတယ်။

ရှီယွီရှီး သည် နူးညံ့သိမ်မွေ့သော အမျိုးသမီးတစ်ဦးဖြစ်ပြီး ကလေးများကို ပြုစုစောင့်ရှောက်ခြင်းသည် သူတို့နှစ်ဦးထက် များစွာပို၍ ယုံကြည်စိတ်ချရသည်။ ပေါက်စီလေး သည် အလွန်ချစ်ဖို့ကောင်းပြီး ချစ်စဖွယ်ကောင်းသည့်အမူအရာနှင့် ပေါင်းစည်းပြီးနောက် ရှီယွီရှီး နှင့် ပေါက်စီလေး တို့သည် တစ်ယောက်နှင့်တစ်ယောက် ခံစားချက်များ ရှိနေပြီဖြစ်သည်။

ရှီယွီရှီး သည် အသက် ဆယ့်ခုနစ်နှစ်တွင် မူလပိုင်ရှင်ကို မွေးဖွားခဲ့ပြီး ယခုအခါ အသက် လေးဆယ်အောက်သာ ရှိသေးသည်။ ဒီခေတ်မှာ အသက်လေးဆယ်က မငယ်သေးပေမယ့် နောက်ပိုင်း မျိုးဆက်တွေမှာတော့ အလွန်နုပျိုနေဆဲပါ။

ဒါပေမယ့် ငယ်ငယ်ရွယ်ရွယ်နဲ့ သူ့ခင်ပွန်းကို ဆုံးရှုံးခဲ့ရပါတယ်။ ရှီချန်းယု ပြန်လာခဲ့သော်လည်း ရှီချန်းယု ကိုအများကြီးမပြုစုပျိုးထောင်ရသေးသောကြောင့်၊ မိခင်နှင့်သားကြားဆက်ဆံရေးသည်အနည်းငယ်ထူးဆန်းသည်။ ရှီယွီရှီး သည် ပေါက်စီလေး အပေါ် သူမ၏ ခံစားချက်အားလုံးကို လောင်းကြေးထပ်လိုက်သည်။

သူမ၏သားအရင်းဖြစ်သူနှင့် မြေးငယ်ရောက်ရှိလာခြင်းက ရှီယွီရှီး ကို ဘဝသစ်တစ်ခုပေးခဲ့တာပဲ ဖြစ်သည်။ သူမသည် အရွယ်ရောက်ပြီးသားသားလေးနှင့် ရင်းနှီးရန် အဆင်မပြေသောကြောင့် သူမ၏ ဂရုစိုက်မှုနှင့် ချစ်ခြင်းအားလုံးကို ချစ်စရာကောင်းသော ပေါက်စီလေးကိုသာ လွှဲပြောင်းပေးနိုင်သည်။

ကူးပြောင်းလာပြီးနောက်အင်ပါယာစာမေးပွဲ​ဖြေဖို့ပြင်ဆင်နေတဲ့  Gong (Mm tran)Where stories live. Discover now