37

656 107 1
                                    

ရှီချန်းယု က သူသည်တောင်ပေါ်တက်ရန် နောက်တစ်နေ့ မိုးမလင်းခင်ကတည်းက သွားမည်ဟု မူလင်းထန်ကို ပြောထားခဲ့သည်။ မူလင်းထန် သည် သာမန်လူများ ကဲ့သို့ လွတ်လွတ်လပ်လပ် လှုပ်ရှားသွားလာနိုင်သော်လည်း တောင်တန်း များသည် မြေပြန့်နှင့် မတူသောကြောင့် ရှီချန်းယုသည် သူနှင့်အတူ လိုက်မလာစေလိုပါ။

ရှီချန်းယု သည် လမ်းတစ်လျှောက်တွင် ရွာသားများစွာနှင့် တွေ့ဆုံခဲ့ပြီး အများစုမှာ မျှစ်တူးရန် သို့မဟုတ် ထင်းစုဆောင်းရန်အတွက် တောင်ပေါ်သို့ တက်ခဲ့ကြသည်။ အားလုံးက ရှီချန်းယု ကိုတွေ့တော့ သူတို့လည်း တောင်ပေါ်တက်လာပြီး လမ်းတစ်လျှောက်မှာ ရှီချန်းယု နဲ့ စိတ်ပါလက်ပါ စကားစမြည်ပြောနေကြတယ်။

ရှီချန်းယု သည် လေးနှင့်မြှားကို ကိုင်ဆောင်ထားသည်ကိုမြင်တော့ အဒေါ် တစ်ယောက်က အံ့ဩစွာမေးသည်..

"ရှောင်ယု မင်းတောင်ပေါ်မှာ အမဲလိုက် သွားမလို့လား"

တစ်ဖက်သားကို အံ့အားသင့်စေရသည့်အကြောင်းရင်းမှာ အဓိကအားဖြင့် ရှီချန်းယု သည် ငယ်ရွယ်နုပျိုပြီး နူးညံ့သိမ်မွေ့ပြီး တောင် ပေါ်အမဲလိုက်နိုင်သောလူနှင့် လုံးဝမတူသောကြောင့်ဖြစ်သည်။ ထိုအဒေါ်သည်  ရှီယွီရှီး နှင့် ကောင်းမွန်သောဆက်ဆံရေးရှိသည်။ ရှီချန်းယု က သူ့စကားတွေကို နားထောင်ပြီး ခေါင်းညိတ်ပြတာကိုမြင်တော့ စိုးရိမ်စိတ် အနည်းငယ်နဲ့ ဆက်ပြောတယ်..

" ရှောင်ယု အဒေါ်က တခြားကိစ္စတွေမှာ ဝင်စွက်ဖက်တယ်လို့ မထင်လိုက်ပါနဲ့...မင်းအမေအတွက်ကြောင့်ပြောရတာပါ..ဒီတောင်ပေါ်မှာ ကောင်းတာတွေ အများကြီးရှိပေမယ့် ဖော်ပြလို့မရနိုင်တဲ့ လျှို့ဝှက်အန္တရာယ်တွေလည်းရှိတယ်.. ပညာရှင်တစ်ယောက်အနေနဲ့ တောင်ပေါ်မတက်တာ ပိုကောင်းပါတယ်"

ရှီချန်းယု က တစ်ဖက်လူက သူ့ကို လျှော့တွက်တဲ့အခါ စိတ်ဆိုးမှာ မဟုတ်ပါဘူး၊ တစ်ဖက်လူက သူဒီလိုပြောတာမျိုးက သူ့ကိုစိတ်ပူတာကြောင့်ဆိုတာ သူသိလို့ အဒေါ်ကို ပြုံးပြပြီး ရှေ့မဝေးတဲ့ နေရာကို လက်ညှိုးထိုးပြတယ်။

ကူးပြောင်းလာပြီးနောက်အင်ပါယာစာမေးပွဲ​ဖြေဖို့ပြင်ဆင်နေတဲ့  Gong (Mm tran)Wo Geschichten leben. Entdecke jetzt