41

562 67 4
                                    

ရှီချန်းယု သည် သစ်ပင်ပေါ်မှ ဆင်းလာခဲ့တော့ ဤတစ်ကြိမ်တွင် လူများစွာ ရွာကနေရ ရောက်လာကြောင်း သူသိလိုက်သည် ။ ပြီးတော့ သူ့ကို မြှားနဲ့ သတ်လုနီးပါးဖြစ်ခဲ့တဲ့လူကတော့ မမြင်ရတဲ့ မူလင်းထန် ပါပဲ။

မူလက ရှီချန်းယု သည် အနည်းငယ် ဒေါသထွက်နေသေးသော်လည်း မူလင်းထန် ကို သူမြင်သောအခါ ဒေါသမထွက်တော့ပေ။ မူလင်းထန် သည် တောင်ပေါ်တွင် ပေါ်လာတာက သူ့အတွက် စိတ်ပူသောကြောင့် ဤနေရာကို လာခဲ့ရတာဖြစ်ပေမည်။

မူလင်းထန် သည် ခြေထောက်တွင် ဒဏ်ရာဟောင်းရှိပြီး တစ်ချို့နေ့များတွင် ဖြည်းညှင်းစွာ လမ်းလျှောက်လေကျင့်ရသည်။ ထိုအချိန်တွင်၊ ရှီချန်းယု ကို စိတ်ပူသောကြောင့် ဖြစ်နိုင်သည် သူ၏ ခြေလှမ်းများသည် အနည်းငယ် လျှင်မြန်ကာ လျှောက်နေပေ့မယ့် သူ့ခြေထောက်နှင့် ခြေများ အဆင်မပြေကြောင်း သိသာလှသည်။ မူလင်းထန် က ရှီချန်းယုရဲ့ လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်ပြီး ရှီချန်းယု က အဆင်ပြေတယ်လို့ ပြောမှသာ လွှတ်ပေလိုက်သည်။

ထိုအချိန်တွင် ရွာသားများသည် မီးရှူးမီးနှင့် စိုက်ပျိုးရေးကိရိယာများကို ကိုင်ဆောင်ကာ ဒဏ်ရာရနေသော ကျားကြီးတစ်ကောင်ကို လိုက်ဖမ်းနေကြသည်။ ကျားသည် မူလင်းထန်၏ မြှားဖြင့် ပစ်ခံရပြီး လက်နက်ကိုင် ရွာသားများစွာနှင့် ရင်ဆိုင်ရကာ နိမ့်ပါးသော ဟိန်းသံကို ထုတ်ပြီး နက်နဲသော တောင်များထဲသို့ ပြေးဝင်ချင်သည်။

ဟိုဘက်ခြမ်းက ရွာလူကြီးက..

“ဒီအကောင်ကို ပြေးခွင့်မပေးနဲ့ ဒဏ်ရာရနေတုန်း သတ်ပစ်” လို့ အော်လိုက်တယ်။

ဒီခေတ်မှာတော့ တောခွေးတွေ၊ ကျားတွေနဲ့ ကျားသစ်တွေ တောင်တွေပေါ်မှာ ရှိနေတာက မဆန်းပါဘူး၊ တောင်တွေနားက ရွာတချို့မှာ တောရိုင်းတိရိ စ္ဆာန်တွေက လူတွေကို ဒုက္ခပေးလေ့ရှိတယ်။ ရီလင်း ရွာမှာ လွန်ခဲ့တဲ့ ၃ နှစ်က လူတွေကိုစားဖို့ တောင်ပေါ်ကို ကျားတွေ ဆင်းလာကြဖူးတယ်။ အစားခံလိုက်ရသူမှာ ငယ်ရွယ်လှသော သူ​ကြီးရဲ့ ချွေးမ ဖြစ်သည်။

အဲဒီတုန်းက ဒီအဖြစ်အပျက်ကို အစိုးရကို တိုင်ကြားခဲ့ပြီး အစိုးရက ရွာသားတွေ နဲ့တောင်ပေါ်တက်ဖို့ လူတွေကို စေလွှတ်ခဲ့ပေမယ့် အဲဒီတုန်းက ကျားကို ရှာမတွေ့ခဲ့ပါဘူး။ မထင်မှတ်ဘဲ၊ သုံးနှစ်ကြာပြီးနောက်၊ ဒီကျားက ဒီနေ့ သူ့အလိုလို ဒီနေရာကို ရောက်လာခဲ့တယ်။

ကူးပြောင်းလာပြီးနောက်အင်ပါယာစာမေးပွဲ​ဖြေဖို့ပြင်ဆင်နေတဲ့  Gong (Mm tran)Where stories live. Discover now