43

635 86 2
                                    


မြို့ထဲသို့ရောက်သောအခါ ရှီချန်းယုသည် အခြားရွာသားများနှင့် ခွဲသွားခဲ့ကြသည်။ သူတို့သွားသည့် ပထမဆုံးနေရာက ကုန်စုံဆိုင်ဖြစ်ပြီး ဆီ၊ ဆား၊ ငံပြာရည်နှင့် ရှာလကာရည်အချို့ဝယ်ရန် လိုအပ်လေသည်။ ပုလင်းတွေနဲ့ သံဘူးတချို့ကိုလည်း ဝယ်ပြီး ပေါက်စီလေး အတွက် ချစ်စရာ ပန်းကန်သေးသေးနှစ်လုံးကို ရွေးလိုက်သည်။

ထို့နောက် ရှီချန်းယု သည် အပ်ချုပ်ဆိုင်သို့ သွားခါနီးတွင် ရုပ်တရက် အဆွဲခံလိုက်ရသည်။

ရှီယွီရှီး သည် သူမဘေးရှိ အထည်ဆိုင်ကိုသာ သွားလိုက်သည်။ ဘာလို့လဲဆိုတော့ အပ်ချုပ်ဆိုင်ထဲမှာ အဝတ်အစားတွေက ဈေးကြီးလွန်းသဖြင့် အဲ့အစား အထည်ဝယ်ခြင်းသည်က တွက်ခြေကိုက်သည်ဟု ရှီယွီရှီး က ထင်မိသည်။

ရှီယွီရှီး သည် အထည်ရွေးနေစဉ် မူလင်းထန် သည် ရှီချန်းယုကိုငွေပေးချင်သော်လည်း ရှီချန်းယု က သူ့ငွေကို မတောင်းခဲ့ပေ။

အရင်က မူလင်းထန်သည် ​ယောင်္ကျားတစ်ဦးဖြစ်သော်လည်း ယခုသူသည် ရှီချန်းယု ၏ မိန်းမ ဖြစ်လာသည်။ သို့သော် ရှီချန်းယု ၏မျက်လုံးထဲတွင်တော့ မူလင်းထန် သည် သာမန်လူများနှင့်မတူပေ။

ယောက်ျားတစ်ယောက်မှာ ပိုက်ဆံရှိမှသာလျှင် ယုံကြည်မှုရှိတယ်လို့ ဆိုကြပေမယ့် ရှီချန်းယုကတော့ မူလင်းထန် က သူ့မှာ ပိုက်ဆံနည်းနည်းစုထားရင် ပိုကောင်းတယ်လို့ ရှီချန်းယု က တွေးနေတုန်းပါပဲ။ မူလင်းထန် က ပိုက်ဆံလိုရင် ရှီချန်းယု ဆီက ပိုက်ဆံတောင်းလို့ရပါတယ်။

ဒါကိုမြင်တော့ မူလင်းထန် က ဘာမှပြန်မပြောနိုင်။ သူသည် အငြင်းသန်သော စရိုက်မျိုး မဟုတ်ပေ။ ရှီချန်းယု သည် သူ့ပိုက်ဆံကို အမှန်တကယ်လက်မခံချင်ကြောင်း တွေ့လိုက်ရသဖြင့်  ပြန်သိမ်းထားလိုက်သည်။ မူလင်းထန် က သိပ်ပြီးမတွေးတော့ဘဲ အခု ရှီချန်းယု လက်ထဲမှာ ပိုက်ဆံရှိနေပြီး အနာဂတ်မှာ ပိုက်ဆံကုန်သွားတဲ့အခါ သူ့ဟာကို ပေးလိုက်မယ်လို့ တွေးလိုက်တယ်။

ရှီယွီရှီး သည် ရှီချန်းယု ချမ်းသာကြောင်းကိုလည်း သိသောကြောင့် သူမသည် အရောင်တောက်တောက်နှင့် နူးညံ့သော အထည်နှစ်မျိုးကို ရွေးချယ်ခဲ့ပြီး ၎င်းတို့ကို ဝယ်ယူပြီးနောက် ပေါက်စီလေး အတွက် အဝတ်အစားများ ထပ်မံပြုလုပ်ရန် စီစဉ်ခဲ့သည်။

ကူးပြောင်းလာပြီးနောက်အင်ပါယာစာမေးပွဲ​ဖြေဖို့ပြင်ဆင်နေတဲ့  Gong (Mm tran)Where stories live. Discover now