14☁

1.7K 256 0
                                    

ဤရက်စက်ကြမ်းကြုတ်သောအမှန်တရားသည် ရှီချန်းယု အား ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်သွား​စေခဲ့သည်။ လေ့ကျင့်ခန်းကို အမြန်လုပ်ရမယ့်ပုံပဲ။

ရှီချန်းယု ရုန်းကန်နေရချိန်တွင် မူလင်းထန် သည် ရုတ်တရက် သတိပြန်ဝင်လာပြီး သူ့လက်ကို လွှတ်လိုက်သည်။

ရှီချန်းယု က သူ့အကြောင်းကို မသိတာ သေချာပါတယ်၊ သူ့ခန္ဓာကိုယ်ကဘယ်လိုလဲဆိုတာ မမြင်ရရင်တောင် သိနိုင်ပါတယ်။ အထူးဝါသနာပါသူတစ်ယောက်မဟုတ်သရွေ့ သူ့လက်ရှိခန္ဓာကိုယ်ကို နည်းနည်းလေးမှ စိတ်ဝင်စားမှာမဟုတ်ပါဘူး။

မူလင်းထန် က ရှီချန်းယု ကို အခုပဲ ဖမ်းဆုပ်ရတဲ့ အကြောင်းရင်းက သူ့မှာ တစ်ဖက်လူကို မေးချင်တာတွေ အများကြီးရှိလို့ပါပဲ။ သို့သော် ထိုစကားများ သူ့ နှုတ်ခမ်းသို့ ရောက်သွားပြီးနောက်တွင် သူဘာကြောင့် အနည်းငယ် ကြောက်လန့်ပြီး တုန်လှုပ်သွားသည်ကို သူ မသိပေ။ သူမေးရင် မကောင်းတာ တစ်ခုခု ဖြစ်သွားလိမ့်မယ် လို့ အမြဲ ခံစားရတယ်။

မူလင်းထန် မလှုပ်တာကို ရှီချန်းယု က မြင်လိုက်ရပြီး သူ့ချဉ်းကပ်မှုကို ဆန့်ကျင်တဲ့အရိပ်အယောင်ကို မျက်နှာမှာ ဘာအမူအရာမှ မရှိတာကြောင့် သူဟာ တခြားသူရဲ့ အဝတ်အစားတွေကို ကလန်ကဆန်ပဲ ချွတ်လိုက်တယ်။

အကယ်၍ မူလင်းထန်သာ အချိန်မှီ ရောက်မလာပါက၊ ရှီချန်းယု သည် မတော်တဆ လွတ်မြောက်သွားခဲ့ရင်တောင် သူသည် သွေးသံရဲရဲ ဒဏ်ရာတွေကို မလွဲမသွေ ခံစားရမည်ဖြစ်သည်။

ထို့ကြောင့် မူလင်းထန်၏ သဘောထားသည် မည်သို့ပင်ရှိစေကာမူ မူလင်းထန်သည် သေသည်အထိ သွေးထွက်သံယိုဖြစ်နေအောင် ထိုင်ကြည့်နေမည် မဟုတ်တာ သိခဲ့ရသည်။ အခုအရေးကြီး ဆုံးက လူတွေကို အမြန်ဆုံးကယ်တင်ဖို့ပါပဲ။

မူလင်းထန် ၏ မမြင်နိုင်မှုကို အားကိုး၍ ရှီချန်းယုသည် အာကာသထဲက ဆေးကို ထုတ်ယူလိုက်သည်။ မူလင်းထန် သည် အကိုက်အခဲပျောက် ဆေးများနှင့် ရောင်ရမ်းမှုသက်သာစေသောဆေးများကို ဦးစွာသောက်ခွင့်ပေးပြီးနောက် ဒဏ်ရာကို အမြန်ပတ်တီး စည်းလိုက်သည်။

ကူးပြောင်းလာပြီးနောက်အင်ပါယာစာမေးပွဲ​ဖြေဖို့ပြင်ဆင်နေတဲ့  Gong (Mm tran)Where stories live. Discover now