28☁

1.1K 176 6
                                    

သို့သော် ရှီယွီရှီး ၏မျက်လုံးများသည် သူ့မိခင်နှင့် လုံးဝမတူသောကြောင့် ဤအကြံကို ငြင်းပယ်ခဲ့သည်။ ရှီချန်းယု ၏မိခင်သည် အလွန်သန်မာသော အမျိုးသမီးတစ်ဦးဖြစ်ပြီး သူမသည် အပြင်းဖျားနေပြီး ဆေးရုံကုတင်ပေါ်တွင် လဲလျောင်းနေရသော်လည်း သူမသည် သန်မာသောအမျိုးသမီးဖြစ်နေဆဲ ဖြစ်သည်။

သို့သော် ရှီချန်းယု သည် အခြားကမ္ဘာ၏ အထောက်အထားကို အတည်ပြုခဲ့ သော်ငြားလည်း ယခင်ဘဝက သူ့အမေနှင့် တစ်ထပ်တည်းနီးပါးတူသော မျက်နှာကို ကြည့်လိုက်လျှင် ရှီချန်းယု ရင်တွင်း၌ ရင်မခုန်ပဲမနေနိုင်ပေ။

သူသည် ဤနေရာတွင် ပိုင်ဆိုင်မှုကို တစ်ခါမျှ မခံစားဖူးသော်လည်း မူလင်းထန် နှင့် ပေါက်စီလေး ကသာ သူ့ကို ကြင်နာမှုပေးသည်။ သို့သော် ယခုအချိန်တွင် ရှီယွီရှီး နှင့်တွေ့ဆုံပြီးနောက် ရှီချန်းယု သည် ဒီကမ္ဘာမှသူဖြစ်နိုင်သည် ဟု ရုတ်တရက်ခံစားလိုက်ရသည်၊ သို့မဟုတ်ပါက သူသည် မူလပိုင်ရှင်နှင့် ဘာလို့တူနေသနည်း။ သူ့အမေက ရှီယွီရှီး နှင့် အဘယ်ကြောင့် အလွန်တူ နေသနည်း။

သူ့အရင်ဘဝက သူ့မှာ မိခင်မရှိဘူးလို့ ဘုရားသခင်က ထင်ခဲ့သလား၊ သူသည် မိခင်မဲ့ကလေးတစ်ယောက်လို ဘဝကို ဖြတ်သန်းနေခဲ့သည်၊ ထို့ကြောင့် ဤဘဝတွင် သူ့အား အထူးတလည် မိခင်တစ်ဦး ပေးခဲ့တာဖြစ်မည်။

ရှီချန်းယု က ဘာမှမတွေးခင်မှာ စိတ်လှုပ်ရှားနေပြီး ဘယ်လို ပြောရမှန်း မသိတဲ့ ရှီယွီရှီး က နောက်ဆုံးမှာ သတ္တိနည်းနည်း စုဆောင်းဖို့ ကြိုးစားခဲ့တယ်။

"က… ကလေး..မင်းရဲ့မျိုးရိုးနာမည်က ရှ..ရှီလား..."

ရှီချန်းယု ရဲ့အနားမှာ အချိန်အတော်ကြာနေခဲ့တဲ့ ရွာလူကြီးက သူတို့ရဲ့ တစ်ဝက် (သို့) ခြောက်ပုံလောက်တူတာကို စောစောစီးစီး သတိထားမိလိုက် တယ်။ ရွာသူကြီးသည် သူ့စိတ်ထဲတွင် လျှို့ဝှက်စွာ တွေးတောနေသေးသော်လည်း ယခုအခါ  ရှီချန်းယု ၏ မျိုးရိုးအမည်ကို သိနေသေးကြောင်း ကြားသိရသောကြောင့် ရှီချန်းယု ရှေ့မှာ စကားမပြောနိုင်ဘဲ ဖြစ်နေသည်။

ကူးပြောင်းလာပြီးနောက်အင်ပါယာစာမေးပွဲ​ဖြေဖို့ပြင်ဆင်နေတဲ့  Gong (Mm tran)Where stories live. Discover now